October 18, 2024

၁၇. ၁၀. ၂၀၂၄
Photo by Tha Doe

ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေဟာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်အခါသမယ အဘိဓမ္မာအခါတော်နေ့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးထံ လာရောက်ပြီး ကောင်းမှုကုသိုလ်တွေနဲ့ ဖြတ်သန်းကြသလို ပြည်သူတွေပျော်ရွှင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကျင်းပပေးခဲ့တဲ့ ပြည်သူ့ရင်ပြင်မှာလည်း ပြည်သူများစွာ အေးချမ်းစွာပျော်ရွှင်နေကြတဲ့အပြင် လူငယ်ရာထောင်ချီကလည်း ငြိမ်းချမ်းစွာ လွင့်မျောကခုန်နေတာတွေ့ရပါသေးတယ်။

လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ ဒီလိုမျိုး လွတ်လပ်ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ပြည်သူတွေဟာ ပျော်ရွှင်ခွင့်မရဘဲ ထိုးနှက်ဖျက်ဆီးကြသူတွေရဲ့ ဘေးရန်ကို ထိတ်လန့်တကြားနဲ့ သတိထားနေထိုင်ခဲ့ရ၊ ပျော်ရွှင်အေးချမ်းနေရင် ဆဲဆိုခံရ၊ ကုသိုလ်လုပ်နေရင် လိုင်းပေါ်တင်အရှက်ခွဲခံရတာမျိုး ကြုံခဲ့ပေမဲ့ ဒီနေ့အချိန်မှာတော့ နေသားကျမှုတချို့နဲ့ စိတ်ချရတဲ့ လုံခြုံရေးအစီအမံအောက်မှာ ပျော်ရွှင်လွတ်လပ်နေတာလည်း သတိထားမိရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *