October 18, 2024

၁၇.၁၀.၂၀၂၄.
Translated by Htwe Ko Tun

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာအား ဇူလိုင်လနှင့် သြဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားများ၏ ခွဲခြားဆက်ဆံမှုဆန့်ကျင်ရေးဆန္ဒပြမှုများ၌ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းများအတွက် ဖမ်းဆီးရန် အောက်တိုဘာ ၁၇ ရက်တွင် ဝရမ်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ခုံရုံး၏ တရားရေးဆိုင်ရာလုပ်ငန်းစဉ်များ စတင်အပြီးတွင် ဤကဲ့သို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ ဖမ်းဝရမ်းတွင် ဟာစီနာအား နိုဝင်ဘာလ ၁၈ ရက်မတိုင်မီ တရားရုံးသို့လာရောက်ရန်လည်း အမိန့်ထုတ်ခဲ့သည်။

ထို့ပြင် အဝါမီပါတီ၏အထွေထွေအတွင်းရေးမှူး အိုဘေဒူလ် ကွာဒါနှင့် အခြား ၄၄ ဦးကိုလည်း တရားရုံးက ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အစိုးရရှေ့နေ ဆူလ်တန် မာမွတ်က ခုံရုံးမစတင်မီ တရားဝင်လျှောက်လွှာနှစ်ခုတင်သွင်းခဲ့ကြောင်း၊ တစ်ခုမှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကိုဖမ်းဆီးရန်ဖြစ်၍ နောက်တစ်ခုမှာ အခြား ၄၅ ဦးကို ဖမ်းဆီးရန် ဝရမ်းများထုတ်ပြန်ရေးဖြစ်ကြောင်း ပြောခဲ့သည်။

ခုံရုံးက ထိုတရားဝင်လျှောက်လွှာနှစ်ခုကို လက်ခံပြီးတရားခံများသည် နိုဝင်ဘာလ ၁၈ ရက်မတိုင်မီ တရားရုံးတွင်ရင်ဆိုင်ကြရမည်ဟု ၎င်းကဆိုခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနှင့် အဝါမီပါတီ၊ ဆယ့်လေးပါတီမဟာမိတ်အဖွဲ့မှခေါင်းဆောင်များ၊ သ တင်းစာဆရာများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့များမှ အရာရှိဟောင်းများကို လူသတ်မှု၊ အစုလိုက်အပြုံ လိုက် သတ်ဖြတ်မှုနှင့် လူသားချင်းစာနာမှုမရှိ ရာဇဝတ်မှုကျူးလွန်မှုများ စုစုပေါင်းအမှု ၆၀ ကျော်ဖြင့် ယခုအခါ အမှုဖွင့်တရားစွဲထားသည်။

Ref- Dhaka Tribune

.

Leave a Reply

Your email address will not be published. Required fields are marked *