October 18, 2024

၁၇.၁၀.၂၀၂၄.
Translated by Htwe Ko Tun

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က လူသိများကျော်ကြားတဲ့ အနုပညာရှင် သုံးဦးအပါအဝင် လူ ၁၈ ဦးကို ကျန်းမာရေးနဲ့ ဖြည့်စွက်အစားအစာတွေ ရောင်းချနေတဲ့ အယောင် ဆောင် စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ဆက်စပ်နေ တဲ့ ဇိမ်ခံပြိုင်ကားတွေ၊ ထောင်နဲ့ချီတဲ့ ဒေါ်လာငွေတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၇ ရက်မှာပြောခဲ့ပါတယ်။

The iCon Group ဆိုတဲ့ အဆိုပါကုမ္ပဏီကို လူတစ်ထောင်ကျော်က အွန်လိုင်းလိမ်လည်လှည့်ဖြားမှုတွေပြုလုပ်နေတယ်လို့ အမှုဖွင့်ခဲ့ကြအပြီးမှာ ခုလိုဖမ်းဆီးမှုတွေလည်းဖြစ်လာတာပါ။ သူတို့က ဒီကုမ္ပဏီဟာ သူတို့ကို ကုမ္ပဏီရဲ့ထုတ်ကုန်ဆိုတာတွေကို ဝယ်ယူဖို့ လိမ်လည်လှည့်ဖြားမှုတွေပြုခဲ့ပြီး ငွေကြေးဆိုင်ရာမသမာမှုတွေလည်းပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ကြပါတယ်။

ကုမ္ပဏီကိုတည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဝါရာသာပွန် ဝါရတ်ယာဝေါရာကူလ်ကို ဒီအယောင်ဆောင်ကုမ္ပဏီကို ပါဝင်ကြဖို့ သိမ်းသွင်းစည်းရုံးရာမှာ ကူညီခဲ့ကြတယ်ဆိုတဲ့ထင်ရှားတဲ့ ရုပ်မြင်သံကြားတင်ဆက်သူတစ်ဦးနဲ့မင်းသမီးတစ်ဦးတို့နဲ့အတူ အောက်တိုဘာလ ၁၇ ရက်မှာ ဖမ်းဆီးမိခဲ့တာပါ။

အာဏာပိုင်တွေက သူတို့ဟာ ကုမ္ပဏီရဲ့အမှုဆောင်လေးဦးရဲ့ ဘဏ်ငွေစုစာရင်းတွေမှာရှိတဲ့ ဘတ်ငွေ ၁၂၅ သန်းကို ထုတ်ယူခွင့်မပြုဘဲ ထိန်းချုပ်ကန့်သတ်ခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါ့ပြင် Porsches နဲ့ Ford Mustangs အမျိုးအစား အပျော်စီးဇိမ်ခံပြိုင်ကားတွေကိုလည်း သိမ်းယူခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့အကြီးအကဲ ကီထရတ် ဖန်ဖက်က ဒီကိစ္စမှာပါဝင်ပတ်သက်နေသူတွေကို ပိုမိုတွေ့ရှိနိုင်ဖို့ ရဲအဖွဲ့က ငွေစုစာရင်းတွေနဲ့ ငွေအလွှဲအပြောင်းပြုလုပ်မှုတွေကို သေချာစွာစစ်ဆေးနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ကုမ္ပဏီဟာ ဈေးပေါပေါနဲ့ ရောင်းချမှုတွေ ကမ်းလှမ်းပြုလုပ်ရင်း ဝယ်ယူသူတွေကို လိမ်ညာလှည့်ဖြားမှုတွေပြုခဲ့တယ်လို့ ဆိုပါတယ်။ စာရင်းသွင်းထားမှုတွေအရ ကုမ္ပဏီကဝယ်ယူသူတွေကို အတင်းအကျပ် ပိုမိုဝယ်ယူစေမှုတွေ ပြုခဲ့တယ်လို့လည်း သိရပါတယ်။ လိမ်လည်လှည့်ဖြားခံရသူတွေက သူတို့ကို ကုမ္ပဏီက လျင်မြန်စွာပြန်လည်အရောင်းသွက်စေမယ်ဆိုတဲ့ ထုတ်ကုန်တွေကို ဝယ်ယူရမှုအတွက် ငွေအများအပြားကြိုတင်ပေးသွင်းမှုတွေပြုခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။

ထိုင်းနိုင်ငံမှာအခုလို အွန်လိုင်းက အများပြည်သူကို လိမ်လည်လှည့်ဖြားမှုတွေက ဖြစ်နေကြမို့လို့ မထူးဆန်းတော့သလိုဖြစ်နေပါပြီ။ ၁၉၈၉ ခုနှစ်ကဆိုရင် ထိုင်းနိုင်ငံမှာ အယောင်ဆောင်စီးပွားရေးလုပ်ငန်းနဲ့ လိမ်လည်လှည့်ဖြားမှုတွေပြုခဲ့သူ ချာမွိုင်း တီပျာဆို ဆိုရင် ထောင်ဒဏ် ၁၄၁,၀၇၈ နှစ်အထိကျခံရကာ ဂင်းနစ်စာရင်းဝင်ခဲ့ပါတယ်။

Ref–AFP

Leave a Reply

Your email address will not be published. Required fields are marked *