October 18, 2024

၁၇.၁၀.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း၊ အောင်မင်္ဂလာကျေးရွာတွင် ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အဖွဲ့ဝင်များသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာသို့ AA အဖွဲ့များ ထောင်နှင့်ချီရောက်ရှိလာပြီးနောက် လေကြောင်းတိုက်ခိုက်မှုခံရခြင်းဖြစ်ပြီး အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသိမ်တော်နှင့် ကျေးရွာအတွင်း နေအိမ်အချို့ ပျက်စီးကာ ရွာခံ ၅ ဦးခန့် လည်း ဒဏ်ရာရရှိကြောင်း သိရသည်။

“နေ့ခင်းဘက် ဗုံးကြဲတာ။ AA က မောင်တော နခခ ၅ ကို အပြီးသိမ်းဖို့ ဟိုရက်ကပဲ ကြိုးစားနေတာ။ အင်အား အများကြီးနဲ့ ထိုးစစ်လုပ်တာ။ ဒါပေမဲ့ ထွက်ပြေးခဲ့ရတယ်။ မနေ့ကတစ်ခါ နခခ ၅ ကိုသိမ်းဖို့ အင်အားဖြည့်တာ သတင်းရသွားတယ်ထင်တယ်။ လေယာဉ်နဲ့ လာကြဲတာ နှစ်ကြိမ်။ AA က ဘုန်းကြီးကျောင်းနားမှာ စခန်း အထိုင်ချတာကိုး။ ဗုံးက အဲဒီကို ကြဲတာ။ AA ဘယ်လောက်သေလဲတော့မသိဘူး။ သေတာတော့ သေတယ်”ဟု အဆိုပါ ဒေသခံက MT News ကို ပြောသည်။

အောင်မင်္ဂလာ ကျေးရွာတွင် အိမ်ခြေ ၁၂၀ ကျော်၊ လူဦးရေ ၆၀၀ ကျော် နေထိုင်သော ကျေးရွာဖြစ်ကြောင်း ရခိုင်ဒေသတွင်း သတင်းအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက် နှင့် ၁၄ ရက်ကလည်း AA က တပ်မတော်ဘက်ကို ထိုးစစ်ဆင်ခဲ့ရာ တပ်မတော်ဘက်မှ ကြည်း၊ ရေ၊ လေဖြင့် ပြန်လည်တိုက်ခဲ့သည့်အတွက် AA ဘက်မှ လူ ၃၀၀ ကျော် သေဆုံးကာ ၂၀၀ ခန့်ဒဏ်ရာရခဲ့ကြောင်း၊ အလားတူ AA ဘက်က တပ်သားအဖြစ် အဓမ္မစုဆောင်းခံထားရသော ဘင်္ဂါလီများ ၁၆၀ ကျော် သေဆုံးကာ ၆၀ ကျော် ဒဏ်ရာရကြောင်း ရခိုင်ဒေသတွင်းသတင်းရင်းမြစ်များက ရေးသားနေကြသော်လည်း Mt News သတင်းဌာနအနေဖြင့် ယင်းကို အတည်ပြု၍ မရသေးပေ။

ပုံစာ-အောက်တိုဘာလ ၁၆ ရက် က ဗုံးထိမှန်ခဲ့သည့် အောင်မင်္ဂလာကျေးရွာကိုတွေ့ရစဉ် (ဓာတ်ပုံ-APM)

Leave a Reply

Your email address will not be published. Required fields are marked *