October 18, 2024

၁၇. ၁၀. ၂၀၂၄
Written by Nyein Kyaw

ဒီဇယ်ဈေးတိုးမြှင့်လာ၍ မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်လိုက်ပြီး ယခုအောက်တိုဘာ ၂၀ ရက်မှစတင်ပြီး လက်မှတ်ခနှုန်းထားအသစ်ဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးမှ အသိပေးကြေညာထားသည်။

ဒီဇယ်ဈေးတိုးမြှင့်လာမှုကြောင့်ဆိုကာ ထပ်မံတိုးမြှင့်လိုက်သည့် လက်မှတ်ခနှုန်းထားအသစ်သည် မော်လမြိုင်-ရန်ကုန် လေအိတ်ရထားတွဲဆိုင်းအတွက် အထက်တန်း ၁၃,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၈,၀၀၀ ကျပ်နှင့် ရိုးရိုး (AAR) တွဲဆိုင်းအတွက် အထက်တန်း ၁၂,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၇,၀၀၀ ကျပ်ဖြင့် အသီးသီးတိုးမြှင့်လိုက်ခြင်းဖြစ်သည်။

ယခင်က မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ဈေးနှုန်းများသည် အထက်တန်း ၇၀၅၀ ကျပ်နှင့် ရိုးရိုးတန်း ၃၅၅၀ ကျပ်သာရှိခဲ့သည်။ ဒီဇယ်ဈေးတိုးမြှင့်လာမှုကြောင့်ဆိုကာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး လေအိတ်ရထား အထက်တန်း ၁၁,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၆,၀၀၀ ကျပ်နှင့် ရိုးရိုး (AAR) အထက်တန်း ၁၀,၀၀၀ ကျပ်၊ ရိုးရိုးတန်း ၅,၀၀၀ ကျပ်သို့ အသီးသီးတိုးမြှင့်ခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ တိုးမြှင့်ခဲ့ပြီး ၁၀ လအတွင်း ဒီဇယ်ဈေးတိုးမြှင့်လာ၍ဆိုကာ လက်မှတ်ခများ ထပ်မံတိုးမြှင့်ကောက်ခံလာခြင်းဖြစ်ပြီး ယခုထပ်မံတိုးမြှင့်လိုက်သည့် လက်မှတ်ခနှုန်းထားမှာ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက တိုးမြှင့်ထားသော လက်မှတ်ခနှုန်းထားထက် ၂,၀၀၀ ကျပ် ထပ်မံတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *