October 15, 2024

၁၅.၁၀.၂၀၂၄
Written By Thandar

Golden Heart Film Production ရဲ့ ဟာသဇာတ်လမ်းပုံစံ “ကျားကျားနွဲ့နွဲ့” ရုပ်ရှင်ဇာတ်ကားကြီး Movie Preview Show ကို ယနေ့ အောက်တိုဘာ ၁၆ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ Minglar Cinemas Gold Class(KER)မှာ ကျင်းပခဲ့ပါတယ်။

“ဒီကားကို ရိုက်ခဲ့တာ ၆ နှစ်ကြာခဲ့ပြီ။ ပထမဆုံး ဟာသကားလေးမို့ အမြန်ဆုံး ရုံတင်စေချင်ခဲ့တာ။ အများကြီးတော့ သိပ်မမှတ်မိတော့ဘူး။ ကိုကြံ့@‌ကျော်ကျော်ဗိုက ဟာသကို သီးသန့်ကြီး မလုပ်ပြပေမယ့် သူ့ရဲ့ အိုက်တင်နဲ့ စကားကိုက တစ်ချက် တစ်ချက် ထရယ်နေရတယ်”လို့ သရုပ်ဆောင် တိုင်ရွန်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်းပိုင်းအပြင် ဒါရိုက်တာအနေနဲ့ ပြည်ဟိန်းသီဟက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီကျော်ကျော်ဗိုလ်၊ ရဲလေး၊ တိုင်ရွန်၊ ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း)၊ လင်းလင်း၊ ထက်ထက် (Pop Soul)၊‌ ကျော်ထူး၊ အုန်းသီး၊ ဂျိုကာ၊ ဆူးအပြင် ထိုင်းနိုင်ငံ အလှမယ်တွေနဲ့ ရိုက်ကူး ပါဝင်ထားကြပါတယ်။

“သုသုက ဒီကားမှာ အရမ်းလှချင်တဲ့ အခြောက်မလေးနေရာကပေါ့။ အိုင်းရှဲဒိုးတွေက ကိုယ်က အရမ်းလှတယ်ဆိုတဲ့ ပုံစံနဲ့ဆွဲထားတာပါ။ ဒီအင်္ကျီဆိုရင်ဘေထုပ်ထဲက သေချာရှာဝယ်ထားတာပါ။ ပုပ္ပါးမှာ မျောက်စာရောင်း ရင်းနဲ့ သူပေါ့။ ပရိသတ်ကြည့်ပြီး ရယ်ရမယ့်ဇာတ်လေးပါ”လို့ ညီညီမောင်(စမ်းချောင်း)က ပြောပါတယ်။

“ကျားကျားနွဲ့နွဲ့” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် နိုဝင်ဘာလမှာ မြန်မာတစ်ပြည်လုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ပြသမယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *