October 15, 2024

၁၅.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အီဂျစ်နိုင်ငံရဲ့ မြို့တော်ကိုင်ရိုနဲ့ ပင်လယ်နီကမ်းခြေတို့ကိုဆက်စပ်ထားတဲ့ အဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာ ဘတ်စ်ကားတစ်စီး အောက်တိုဘာလ ၁၄ ရက်က ပက်လက်လန်တိမ်းမှောက်ခဲ့လို့ အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး ၃၃ ဦးဒဏ်ရာရခဲ့ရတယ်လို့ အီဂျစ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ အယ်လ်ဂါလာလာ အဝေးပြေးလမ်းမကြီးပေါ်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားတဲ့နေရာကို သူနာတင်ယာဉ် ၂၈ စီးစေလွှတ်ခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြခဲ့ပါတယ်။

နိုင်ငံပိုင် Al-Ahram သတင်းစာအပါအဝင် ဒေသခံသတင်းစာတွေက ယာဉ်တိမ်းမှောက်မှုကြောင့် ဆူးအက်ဒေသအတွင်းရှိ သေဆုံးရသူ ၁၂ ဦးက ဆူးအက်ဒေသအတွင်းရှိ ဂါလာလာမြို့မှ ဂါလာလာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ဆေးဘက်ဆိုင်ရာကျောင်းသားတွေလည်းဖြစ်တယ်လို့ သတင်းဖော်ပြခဲ့ကြပါတယ်။

ကနဦးစုံစမ်းစစ်ဆေးချက်တွေအရ ဘတ်စ်ကားယာဉ်မောင်းဟာ အရှိန်ကို ပုံမှန်ထက် မြှင့်တင်မောင်းနှင်လာရာမှာ ကားကို ရုတ်တရက် မထိန်းနိုင်ဖြစ်ပြီး တိမ်းမှောက်ခဲ့ရတာလို့ သုံးသပ်ထားကြပါတယ်။

အီဂျစ်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ယာဉ်မတော်တဆမှုတွေ ကြောင့် သေဆုံးရသူ ထောင်နဲ့ချီပြီးရှိတယ်လို့ သိရပါတယ်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *