October 15, 2024

၁၅.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမကြီး၊ A ဘဏ်ရှေ့ အမှိုက်ပုံးတွင် မွေးကင်းစကလေးငယ်အသေတစ်ဦးကို လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“စည်ပင်က အမှိုက်ကောက်ရင်း ပလုံအတွက် အထုပ်တွေကို ဖွင့်ကြည့်တာမျိုးရှိတယ်။ အဲဒီမှာ ကြွပ်ကြွပ်အပြာအိတ်တဲ့ထုတ်ထားတဲ့ အမှိုက်ထုပ်ကို ဖွင့်လိုက်တာ ကလေးလေးကို တွေ့တာ”ဟု အဆိုပါ ဘဏ်အနီးရှိနေသူတစ်ဦးက ပြောသည်။

အဆိုပါ ကလေးရုပ်အလောင်းကို လင်းလက်လူမှူကူညီရေးအသင်းယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်အပ်နှံခဲ့ကြောင်း ယင်းအသင်းတာဝန်ရှိသူက MT News ကို ပြောသည်။

“A ဘဏ်ရှေ့က အမှိုက်ပုံးမှာ ဒီမနက်ပိုင်းက အမျိုးသမီးတစ်ယောက်က အိတ်နဲ့ထုတ်ထားတဲ့ အထုပ် တစ်ထုပ်ကို လာပစ်သွားတာ။ အနီးအနားက လူတွေက တွေ့တယ်။ ဒါပေမဲ့ အမှိုက်ပုံးဆိုတော့ အမှုမဲ့ အမှတ်မဲ့ပေါ့။ စည်ပင်က အမှိုက်သိမ်းတဲ့အမျိုးသမီးက အမှိုက်သိမ်းတာလုပ်တော့မှ ကလေးစွန့်ပစ်ထားတာကို တွေ့ တာ။ ကလေးက ယောင်္ကျားလေး။ အဲဒါနဲ့ရဲစခန်းကိုအကြောင်းကြားတော့ ရဲက လာပြီးတော့ စစ်ဆေးတာ ဘာညာလုပ်တာပေါ့။ ပြီးတော့ ကလေးအလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တယ်”ဟု ယင်း အသင်းတာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံအတွင်း မွေးကင်းစကလေးငယ်များကိုစွန့်ပစ်မှုမကြာခဏ ဖြစ်ပေါ်လေ့ရှိရာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလကလည်း ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်တွင် အမှိုက်ပုံးတစ်ခုအတွင်းမှ မွေးကင်းစကလေး ရုပ်အလောင်း တွေ့ရှိမှု ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *