October 15, 2024

၁၅. ၁၀. ၂၀၂၄
Written by Nay Moe

သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပုဂံပြည်ဘီလူးတပ် PDF အဖွဲ့က ပစ်ခတ် သတ်ဖြတ်လိုက်သည်။

ဖြစ်စဥ်မှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့တွင် ယမန်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အနော်ရထာရပ်ကွက်၊ ပိုက်သေလည်ရပ်၊ စိန်ပန်းလမ်းနေ နတ်ကြို့အိုင့် မူလွန်ကျောင်းအုပ်ဆရာကြီး ဦးစောလွင်ဦးနှင့် တာဝန်ရှိသူ ၅ ဦးမှ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒေါ်အေးအေးသင်း၏ နေအိမ်တွင် သန်းခေါင် စာရင်း ကောက်ယူနေစဉ် ၎င်းအိမ်ဘေးကပ်လျှက် နေအိမ်ရှေ့ဓာတ်တိုင်နံဘေးတွင် အနော်ရထာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ထွန်း(ခ)ဦး‌ဆော်လီ၊ အသက် ၅၀ နှစ်နှင့် ဦးအောင်မြိုင်ဆိုသူတို့ထိုင်နေစဥ် ပုဂံပြည်ဘီလူးတပ် (Bagan Orge Force မှ PDF တစ်ဦးက အနက်ရောင် 125 ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သတ်ဖြတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပုဂံပြည်ဘီလူးတပ်အဖွဲ့ဝင် PDF က ၅ ချက်ထက်မနည်းပစ်ခတ်မှုတွင် ဦးနိုင်နိုင်ထွန်းမှာ ဝဲမျက်လုံး ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သက်ပြီး ပုဂံပြည်ဘီလူးတပ်ကလည်း လူမှုကွန်ရက်တွင် အောက်တိုဘာ ၁၃ ရက်က ၎င်းတို့သတ်ဖြတ်ထားသော အပြစ်မဲ့ ပြည်သူများ၏ ပုံဖြင့် သန်းခေါင်စာရင်း ကောက်ခံသူများကို သတ်ဖြတ်မည်ဟု ​ခြိမ်းခြောက် သတိပေးစာထုတ်ခဲ့သော်လည်း အောက်တိုဘာ ၁၄ ရက်တွင် သန်းခေါင်စာရင်း ကောက်သဖြင့် ဦးနိုင်နိုင်ထွန်းကို သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဝန်ခံထားသလို ထပ်မံကောက်ခံသူများကိုလည်း ဆက်လက်သတ်ဖြတ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *