October 14, 2024

၁၄.၁၀.၂၀၂၄
Written By Thandar

Golden King ထုတ်လုပ်ရေးရဲ့ အက်ရှင်ဒရာမာဇာတ်လမ်းပုံစံ “Original Gangster 3” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ကို ယနေ့ အောက်တိုဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီဇာတ်ကားကို ကျွန်တော်ရိုက်တာက ၂၀၁၆ ခုနှစ်က တစ်ကားလုံး မပြသင့်ဆိုပြီး ဆင်ဆာပိတ်ခံခဲ့ရပါတယ်။ ဒီကားကို ကျွန်တော်ကြိုးစားရင်း ၂၀၁၉ ရောက်တော့ ဇာတ်ကားရဲ့ ဇာတ်ညွှန်းစာသားပြင်ပြီး ပြန်တင်မှ ဆက်ရိုက်ခွင့်ရခဲ့တာပါ။ ၁၉ ရက် ၃ လပိုင်း၂၀၀၀ ပြည့်နှစ်မှာ ရုံတင်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်လို့ ရုံမတင်ရဘဲကြာသွားလိုက်တာ။ လိုအပ်တာတွေ ဟိုပြင်သည်ပြင်နဲ့ နောက်ဆုံးတော့ ရုံပေါ်ကို သီတင်းကျွတ်လပြည့်နေ့ ရောက်မယ်” လို့ ဇာတ်လမ်းရဲ့ ဒါရိုက်တာ ယုန်လေးက ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်း ဒီရေလှိုင်းက ရေးသားပြီးဇာတ်လမ်း၊ ဒါရိုက်တာ ယုန်လေးက သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ်၊ ယုန်လေး၊ ထူးခြား၊ ယုသန္တာတင်၊ နန်းခင်ဇေယျာ၊ အကယ်ဒမီခင်ဝင့်ဝါနဲ့အနုပညာရှင်များစွာ ပါဝင်ရိုက်ကူး ထားကြပါတယ်။

ဒီဇာတ်ကားကို လာမယ့် သီတင်းကျွတ်လပြည့် အောက်တိုဘာ ၁၇ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *