October 14, 2024

၁၄.၁၀. ၂၀၂၄
Written by Nay Moe

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ သက်ကြီးရွယ်အို အုပ်ချုပ်ရေးမှူး ဇနီးမောင်နှံကို PDF တွေက ပစ်ခတ် သတ်ဖြတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒီနေ့ သိရပါတယ်။

ဖြစ်စဥ်က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသားသမီးတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ သိမ်ကုန်းကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်(၆၄)နှစ်ဟာ ဇနီးဖြစ်သူ ဒေါ်ခင်လေးဖြူ(၇၀)နှစ်နဲ့အတူ နေအိမ်မှာရှိနေချိန် PDF အဖွဲ့ (အင်အားစိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာကြောင့် ဇနီးမောင်နှံနှစ်ဦးစလုံး ကျည်ထိမှန်ဒဏ်ရာတွေ ရရှိ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

နွေဦးတော်လှန်ရေးစတင်ချိန်ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF, EAOs တို့ရဲ့ သတ်ဖြတ်မှုကို ခံထားရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *