October 14, 2024

၁၄.၁၀.၂၀၂၄
Written By Zun

တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်တွင် ဆီတင်သင်္ဘောမီးလောင်မှု ယနေ့ အောက်တိုဘာ ၁၄ ရက် ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့၍ တစ်ဦသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ ထားဝယ်ခရိုင်မီးသတ်စခန်း၊ ထားဝယ်မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် များဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ကြရာ ညနေ ၆ နာရီကျော်အချိန်မှသာ မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း အခင်းဖြစ်စဉ်သွား ရောက်၍ကူညီမှုများပြုလုပ်ခဲ့သော ထားဝယ်မြို့ အခြေ စိုက် လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

လတ်တလောတွင် မီးလောင်ရသည့်အကြောင်းရင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ အလားတူ ယနေ့ နေ့လယ်ပိုင်းငလည်း မန္တလေးမြို့ ဂေါဝန်ဆိပ်တွင် ဘိလပ်မြေတင် ကုန်သင်္ဘောတစ်စီးမီးလောင်ခဲ့၍ အချိန် ၂ နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *