October 14, 2024

MT News
၁၀. ၁၄. ၂၀၂၄

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ အခြေစိုက်တပ်စွဲထားတဲ့ ခြေမြန်တပ်ရင်း(၅၀၃)နဲ့(၅၀၄) ကို တိုက်ခိုက်ချိန် ဖမ်းမိထားတဲ့ တပ်မိသာစုးဝင် (၁၉၁) ဦးကို အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ TNLA က ဒီနေ့ည ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့မှာ သီပေါမြို့က (၅၀၃)တပ်စခန်းကို TNLA က သိမ်းပြီး တပ်အတွင်းမှာရှိနေတဲ့ အိမ်ထောင်စု(၃၈)စုက ကျား(၁၁)ဦး၊ မ (၄၈)ဦး၊ ကလေး (၄၃)ဦး၊ စုစုပေါင်း တပ်မိသားစုဝင် (၁၀၂)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၂၇ ရက်နေ့မှာ (၅၀၄)တပ်စခန်းကို ထပ်မံသိမ်းခဲ့ပြီး အိမ်ထောင်စု(၃၄)စုက ကျား(၁၆)ဦး၊ မ (၃၉)ဦး၊ ကလေး (၃၄) ဦးစုစုပေါင်း တပ်မိသားစုဝင် (၈၉)ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။

အဲဒီနောက် အောက်တိုဘာ ၁၂ ရက်မှာ သီပေါမြို့ကို အပြီးသတ်သိမ်းခဲ့သလို ဖမ်းမိထားသူ ၁၉၁ ဦးကိုပါ ကားလေးစီးနဲ့ ပြန်လွှတ်ခဲ့တယ် ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *