October 14, 2024

၁၄.၁၀.၂၀၂၄
Written by Thettant

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဂေါဝန်ဆိပ်ကမ်းမှာ ဒီနေ့ အောက်တို ဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်က ရပ်ထားတဲ့ ဘိလပ်မြေ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်က ဘိလပ်မြေအိတ်နဲ့ ဆီပေပါတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး ဆီပေပါတချို့ပါဝင်တာကြောင့် မီးလောင်မှုဖြစ်ပွားချိန် ပေါက်ကွဲမှုလည်း ဖြစ်ပေါ်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

မီးလောင်မှုက ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး Level-1 ယာဉ်အုပ်စုအဆင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရသလို မွန်းလွဲ ၃ နာရီ ခန့်မှ မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၅ မိနစ်ခန့်မှာ မီးငြိမ်းခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပြီး မီးလောင်မှုဖြစ်စဥ်နဲ့ပေါက်ကွဲမှုအကြောင်းအရာကိုတော့ လက်ရှိမှာ တာဝန်ရှိသူတွေက စစ်ဆေးဆဲဖြစ်ပါတယ်။

Photo – MFSD & Than Htay

Leave a Reply

Your email address will not be published. Required fields are marked *