October 14, 2024

၁၄.၁၀.၂၀၂၄
Written By Thandar

အလှအပကို ချစ်မြတ်နိုးသူတွေအတွက် Slinnar’s Beauty Clubရဲ့ ၈ ဆိုင်မြှောက်ဆိုင်ဖွင့်ပွဲကို ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၇၃ လမ်း ၄၀/၄၁ ကြားမှာ အနုပညာရှင်တွေဖြစ်တဲ့ နန်းဆုရတီစိုး၊ မေမြင့်မိုရ်တို့က တက်ရောက် ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။

“ဒီဆိုင်က မန္တလေးမှာ အခုဖွင့်တာ ဒုတိယဆိုင်ခွဲပါ။ မိန်းကလေးတွေ အကုန်လုံး အဆင်ပြေချင်တာပေါ့နော်။ လက်သည်းအတွက် အချိန်အကြာကြီးပေးစရာမလိုတော့ဘူး။ ခဏလေးနဲ့ လက်သည်းအလှကိုပိုင်ဆိုင်ခွင့်ရမယ်ဆိုတော့ အဓိက အချိန်ကုန်သက်သာသွားတာပေါ့” လို့ Owner & Founder Slinnar က MT Entertainment ကပြောပါတယ်။

“မေလေးတို့ကြတော့ လက်သည်း အမြဲတပ်တာဆိုတော့ အဆင်ပြေတယ်လေ။ ညီမလေးတို့လိုဆိုင်မျိုးက Press On လေးဆိုတော့ ဖြုတ်ရတပ်ရတာလွယ်တယ်လေ။ ဒီဆိုင်ဆိုလည်းစုံတယ်ဆိုတော့ မေလေးတို့ ရုပ်ရှင်ရိုက်လို့ရှိရင် ဆင်းန်တိုင်းမှာ ဒီဆင်းန်မှာပန်းရောင်လေးဝတ်မယ်ဆိုရင် ပန်းရောင်လေးတပ်လို့ရတယ်။ နောက်ဆင်းမ်မှာ အနီလေးဝတ်မယ်ဆိုရင် အနီလေးတပ်လို့ရတယ်ဆိုတော့ အချိန်ကုန်လည်းသက်သာပြီးတော့ လှလည်းလှတယ်။ အရမ်းအဆင်ပြေတာပေါ့နော်။ အခုလို ဆိုင်ခွဲတွေအများကြီးရှိတဲ့အတွက် နေရာပေါင်းစုံမှာ ဖွင့်ပေးလို့ကျေးဇူးတင်ပါတယ်” လို့ သရုပ်ဆောင် မေမြင့်မိုရ် က MT Entertainment ကို ပြောပါတယ်။

အဆိုပါ ဆိုင်ဖွင့်ပွဲကို သရုပ်ဆောင် အဆိုတော် နန်းဆုရတီစိုး၊ အကယ်ဒမီ မေမြင့်မိုရ်၊ Celebrity to influencer တွေဖြစ်တဲ့ Tiffany Htay နဲ့ Myat Lara၊ Owner & Founder Slinnar, Founder မိုးနှင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။ ဒီ Press On Nails ကို ကျပ် ၁ သိန်းဝယ်ရင် ၂ သိန်းအပိုရ၊ ကျပ် ၂ သိန်းဝယ်ရင် ၃ သိန်းအပိုရအပြင် ကျပ် ၃ သိန်းဝယ်ရင် ၆ သိန်းအပိုရမယ့် Promotion တွေကို အောက်တိုဘာ ၁၄ ရက်ကနေ ၂၀ ရက်နေ့အထိ ဆိုင်ခွဲအားလုံးမှာ ပေးအပ်ထားတယ်လို့ သိရပါတယ်။

လက်သည်း ခြေသည်းဒီဇိုင်းပေါင်း ၁၅၀၀ ကျော် Instock ရှိပြီးတော့ဈေးနှုန်း ကျပ် ၁သောင်းကနေ လက်သည်းကို အလကားကပ်ပေးပါတယ်လို့ ဆိုပါတယ်။ Slinnar’s Beauty ကို ရန်ကုန်မြို့ရှိ စမ်းချောင်း၊ လှည်းတန်း၊ ရန်ကင်း၊ ကျောက်မြောင်းတို့မှာဖွင့်လှစ်ထားပြီး‌တော့ ပြင်ဦးလွင် ၊ လားရှိုးမှာဖွင့်ထားတယ်လို့ သိရပါတယ်။

#မေမြင့်မိုရ် #နန်းဆုရတီစိုး #MayMyintMo #NanSuYadiSoe

#SlinnarBeautyClub

#handmadepressonnails

#Slinnar’s

Leave a Reply

Your email address will not be published. Required fields are marked *