October 14, 2024

◾ တစ်စိတ်တစ်ပိုင်းပျက်စီးသည့်နေအိမ်များကိုလည်း နေအိမ်တစ်လုံး ကျပ် ၁၇ သိန်းခွဲ ထောက်ပံ့

MT News
၁၄.၁၀. ၂၀၂၄

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်း၏အရှိန်ကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရေမျောနေအိမ်တစ်အိမ်လျှင် ကျပ် ၂၃၅၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်အနေဖြင့် စုစုပေါင်း အိမ်ခြေ ၂၂၂ အိမ်အတွက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် မျောပါပျက်စီးသွားသည့် နေအိမ် ၇၇၃ လုံးရှိပြီး တစ်စိတ်တစ်ပိုင်း မျောပါပျက်စီးသည့် နေအိမ် ၃၆၂ လုံးရှိခဲ့ကြောင်း သိရသည်။

အဆိုပါရေကြီးနစ်မြုပ်မှုကြောင့် နေအိမ်ပျက်စီးသွားသည့် တစ်စိတ်တစ်ပိုင်းနေအိမ် တစ်လုံးလျှင် ၁၇၅၀၀၀၀ ကျပ်နှုန်းဖြင့် အောက်တိုဘာ ၁၃ ရက်က ပထမဆုံးအကြိမ် ပေးအပ်ခဲ့သည်ဟုလည်း သိရပြီး နေအိမ်တစ်ခုလုံးမျောပါပျက်စီးသည့် နေအိမ်များကိုလည်း နေအိမ်တစ်လုံး ကျပ် ၂၃၅၀၀၀၀ နှုန်းဖြင့် ၂၂၂ လုံးစာအတွက် ပထမဆုံး ထောက်ပံ့ပေးမည်ဖြစ် ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားသည်။

ရာဂီကြောင့် ဖြစ်ပေါ်သည့် ရေကြီးရေလျှံမှုများကြောင့် အိမ်ထောင်စု ၈၀,၀၀၀ ကျော်၊ လူဦးရေတစ်သန်းနီးပါး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ကြရပြီး သေဆုံး/ပျောက်ဆုံးသူ ၅၂၀ ဦးရှိခဲ့ကြောင်း၊ တိရိစ္ဆာန်ပေါင်း ၁၈၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး စပါးနှင့်သီးနှံစိုက်ဧက ခုနစ်သိန်းကျော် ထိခိုက်ခဲ့ရသကဲ့သို့ လမ်းတံတား၊ စာသင်ကျောင်း၊ လျှပ်စစ်နှင့်ဆက်သွယ်ရေး အစရှိသည့်ကဏ္ဍပေါင်းစုံတွင်လည်း ထိခိုက်ဆုံးရှုံးခဲ့ရသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပုဂ္ဂိုလ်တစ်ဦးခြင်း၊ အဖွဲ့အစည်းတစ်ခုခြင်းနှင့် အသင်းအဖွဲ့အလိုက် စုစည်းခြင်းတို့ဖြင့် အလှူငွေများကို လှူဒါန်းလျက်ရှိရာ ယမန်နေ့အထိ နိုင်ငံတော်အဆင့် သုံးကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ပြီး အလှူငွေရရှိမှုအနေဖြင့် ငွေကျပ် ၅၂ ဘီလျံကျော် ထည့်ဝင်လှူဒါန်းကြသလို နိုင်ငံတော်ကလည်း ကျပ်ဘီလျံ ၃၀ စိုက်ထုတ်ကူညီမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *