October 14, 2024

၁၄.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (တောင်)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ၂ ခန်းတွဲ ၇ ထပ်တိုက်လွှာ ညာဘက်အခြမ်းရှိ တိုက်ခန်းတွင် အောက်တိုဘာ ၁၄ ရက် နံနက်၂ နာရီကျော်က Aircon Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခန်းရှိ အိပ်ခန်းတွင် Aircon Safeguard အပူလွန်ကဲရာမှ အောက်ရှိ စာအုပ်ပုံပေါ်ကျရာက မီးစတင် လောင်ကျွမ်းခဲ့​ခြင်း ဖြစ်ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုမှာ ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး Aircon Indoor ၁ လုံး၊ Safeguard ၁ လုံး၊ ကုတင်ကြမ်းခင်း၊ စာအုပ်တို့ မီးလောင်ဆုံးရှုံးခဲ့​သ​​ဖြင့် အသက် ၂၄ နှစ်အရွယ် လူငယ်အမျိုးသားကို စမ်းချောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

တိုက်ခန်းမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၁ စီးနှင့်သန္ဓေအရန်မီးသတ် ၂၀ ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *