October 14, 2024

၁၃. ၁၀. ၂၀၂၄
Written by Nay Moe

ယာဥ်ထိန်းရဲမေတစ်ဦးကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက သေနတ်နဲ့ပစ်ခတ်ထွက်ပြေးမှု မန္တလေးမှာ ဒီနေ့လယ်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅ လမ်းနဲ့ ၆၂ လမ်းထောင့်မှာ ဒီနေ့မွန်းလွဲ ၃ နာရီ ၅၀ မိနစ်အချိန်ခန့်က အမှတ်(၈၇) ယာဥ်ထိန်းတပ်ဖွဲ့စုက ပိတ်ဆို့စစ်ဆေး ဆောင်ရွက်နေချိန် CZI ဆိုင်ကယ်အမျိုးအစား၊ အနက်ရောင်စီးနင်း လာတဲ့ အမျိုးသား ၂ ဦးက ဆိုင်ကယ်နောက် လိုက်ပါလာတဲ့ အမျိုးသားက သေနတ်နဲ့ ၁ ချက် ပစ်ခတ်ပြီး မောင်းနှင်ထွက်ပြေးသွားတာကြောင့် ယာဥ်ထိန်းရဲမေတစ်ဦးဖြစ်တဲ့ ဒုရဲအုပ်…. မှာ ယာနောက်ကျောပြင်က ဖောက်ဝင်ပြီး ယာရင်အုံက ဖောက်ထွက်ဒဏ်ရာရခဲ့လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်တဲ့ မီဒီယာတွေကလည်း ဖော်ပြထားပါတယ်။

ဖြစ်စဉ် ဖြစ်ပွားတဲ့နေရာက A USA 9mm Luger ငွေရောင် ကျည်ခွံ ၁ ခုတွေ့ရှိရပြီး ကျည် ထိမှန်ဒဏ်ရာရရှိတဲ့ ဒုရဲအုပ် …. တပ်မတော် စစ်ဆေးရုံကို တင်ပို့ကုသထားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ PDF တွေနဲ့ PDF ထောက်ခံသူတချို့ကလည်း မန္တလေးမှာ ယာဥ်ထိန်းရဲမေကို ပစ်သတ်ခဲ့ပေမဲ့ မသေကြောင်းရေးသားနေတာ တွေ့မြင်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *