October 14, 2024

၁၃.၁၀.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ) ရပ်ကွက်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာရှိ 29 ရွှေဆိုင်ရှေ့ တွင် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

အောက်တိုဘာ ၁၂ ရက် ည ၈ နာရီခန့်အချိန်က ဦးချစ်မောင်အိမ်ရာ တိုက်အမှတ် (၁၈) 29 ရတနာဆိုင်ရှေ့ မီးစက်ဘေးတွင် မသင်္ကာဖွယ်ရာအထုပ်ကို တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာက သတင်းရသောကြောင့် သွားရောက်စစ်ဆေးခဲ့ကြစဉ် PVC ပိုက်ဖြင့်ပြုလုပ်ထားသော မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးဖြစ်နေကြောင်း သိရသည်။

ယင်းကြောင့် BE တပ်ဖွဲ့ထံအကြောင်းကြားခဲ့ကာ ဖောက်ခွဲဖျက်ဆီးခဲ့ကြကြောင်း ယင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

“မသင်္ကာဖွယ်ရာ အထုပ်တွေ့တဲ့အတွက် သတင်းအရ စစ်ဆေးတဲ့အခါ လက်လုပ်ဗုံးဖြစ်နေတာကြောင့် တား ဆီးကန့်သတ်ထားပြီး BE တပ်ဖွဲ့ကို အကြောင်းကြားတယ်။ တပ်ဖွဲ့ ရောက်လာတော့ ည ၈ နာရီကျော်မှာ ဖောက်ခွဲ ဖျက်ဆီးလိုက်ရတယ်။ ဒီအချိန်မှာ လုံခြုံရေးသတိရှိဖို့လိုတယ်။ ပြည်သူတွေအနေနဲ့လည်း မသင်္ကာဖွယ်တွေ့ ရင် သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုပါတယ်”ဟု အဆိုပါ နီးစပ်သူက MT News ကို ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *