October 15, 2024

၁၃.၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် အကြမ်းဖက်မှုများ ရပ်တန့်နိုင်ရန်၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးနိုင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးများ ပြန်လည်ရရှိစေရန်အတွက် မြန်မာအာဏာပိုင်များကို ပိုမို တွန်းအားပေး ဆောင်ရွက်ကြရန် အမေရိကန်နိုင်ငံအပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံများကို စင်ကာပူအစိုးရက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သော စင်ကာပူဝန်ကြီးချုပ် လောရမ့် ဝေါင်းက”မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ကလည်း ကြိုးပမ်းလုပ်ဆောင်နေသလို အာဆီယံအဖွဲ့ရဲ့မိတ်ဖက်နိုင်ငံတွေဟာလည်း ရှေ့လျှောက် ဆက်လက်ပြီး တွန်းအားပေး ဆောင်ရွက်တာမျိုးလုပ်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။

စင်ကာပူဝန်ကြီးချုပ်က ဒေသအတွင်း စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်တွက် အာဆီယံမိတ်ဖက်နိုင်ငံများ၏ အား ပေးထောက်ခံမှု လိုအပ်ကြောင်း၊ မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုသည် မြန်မာနိုင်ငံတွင် ကာလအတန်ကြာဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်သာမက အရှေ့အာရှဒေသအတွက်လည်း အဓိကအရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်လာဖွယ်ရှိနေကြောင်း ပြောသည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင် မိတ်ဖက်နိုင်ငံများဖြစ်သော သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ဂျပန်၊ရုရှားနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆပ်စပ်အစည်းအဝေးများအတွင်း တရုတ်နှင့် အမေရိကန်နိုင်ငံအကြား ပြိုင်ဆိုင်မှု၊ ယူကရိန်းစစ်ပွဲ၊ အရှေ့အလယ်ပိုင်းဒေသအရေး အပါအဝင် ပထဝီနိုင်ငံရေးနှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အဓိကစိန်ခေါ်မှုအဖြစ်ရှိနေသော တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုများအပြင် မြန်မာ့အရေးကိစ္စများကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ ယခုသီတင်းပတ်အတွင်းကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ခေါင်းဆောင်များကို အခက်အခဲမေးခွန်းထုတ်မှုများ ဆက်လက်ရှိနေခဲ့ကြောင်း သိရသည်။

REf ,straite times

Leave a Reply

Your email address will not be published. Required fields are marked *