October 14, 2024

၁၃. ၁၀. ၂၀၂၄
Written by Nay Moe

ထန်တလန် CDF(Chinland Defence Force -Thantlang ) စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇမန်း(Salai Ram Zel)ဟာ ထန်ထလန်မြို့သိမ်းတိုက်ပွဲမှာ သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေ၊ ချင်းလက်နက်ကိုင်တွေနဲ့ မိတ်ဆွေတွေက အတည်ပြုဝမ်းနည်းသတင်းဖော်ပြနေမှုအရ သိရပါတယ်။

“RIP ..စစ်ဦးစီးချုပ်တစ်ယောက်အနေနဲ့ ရှေ့တန်းမှာ ကျဆုံးခဲ့တဲ့အတွက် နှမျောဝမ်းနည်းမိသလို နန်းအတွက်အမြဲ ဂုဏ်ယူနေမှာပါ ချင်းတွေမကွဲပြားကြဘဲ ချင်းလူမျိုးတွေအတွက်အတူတကွအကောင်းဆုံးလုပ်ဆောင်နိုင်ကြဖို့ ကောင်းကင်နိုင်ငံကနေ ခွန်အားတွေပေးသနားဖို့ပြောပေးပါ အလေးနီပြုပါတယ် သူငယ်ချင်းရေ(သတ်ပုံမူရင်း) လို့ ဆလိုင်းရမ်ဇမန်းရဲ့ မိတ်ဆွေဖြစ်တဲ့ ချင်းလက်နက်ကိုင် Naing Tam က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မရာ Info က ဖော်ပြထားမှုအရ ချင်း PDF တွေ ဆင်နွှဲနေတဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲဟာ ရက်ပေါင်း ၈၀ ကျော်နေပြီဖြစ်သလို ချင်းလက်နက်ကိုင်တွေဘက်က သေဆုံးဒဏ်ရာရသူကလည်း ရာနဲ့ချီဖြစ်လာနေတဲ့အပြင် ဆလိုင်းရမ်ဇမန်းက ထန်တလန်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေချိန် ဂျက်လေယာဥ်နဲ့ လေကြောင်းတိုက်ခိုက်လို့ သေဆုံးတာလို့လည်း ဖော်ပြထားပါတယ်။

MT News စုံစမ်းမှုအရ ထန်တလန်စစ်ဦးစီးချုပ်ဟာ အသက် ၃၀ ခန့်အရွယ်သာရှိသေးပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန် အောက်တိုဘာ ၁၂ ရက်ညက ဂျက်လေယာဥ်နဲ့ တန်ပြန်လေကြောင်းတိုက်ခိုက်မှုမှာ လက်နက်ကြီးထိမှန်ပြီး နေရာတင်ပွဲချင်းပြီးသေဆုံးတယ်လို့ သိရပေမဲ့ Chinland Defence Force -Thantlang ကတော့ တရားဝင်ထုတ်ပြန်လာမှု မရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *