October 14, 2024

၁၂. ၁၀. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီရှိ လေဟာပြင်ဇာတ်ရုံ၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ တို့၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

၂၀၂၄ ခုနှစ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား လာမည့် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် ၂,၅၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုပြိုင်ပွဲ (မဟာဂီတ၊ ကာလပေါ်၊ အမျိုးဂုဏ်မြှင့် တင်ရေးတေးသီချင်း)၊ အကပြိုင်ပွဲ (တိုင်းရင်းသားတို့၏ ရိုးရာတူရိယာတိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာအက၊ ကဗျာလွတ် ချင်းတိုင်းရင်း သားရိုးရာအက၊ ရုပ်သေးကြိုးဆွဲ)၊ အတီး ပြိုင်ပွဲ( စန္ဒရား၊ ဂီတာ၊ ဒုံမင်း၊ မယ်ဒလင်)တို့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ တွင် ကျင်းပသွားမည်ဖြစ်သည်။

အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင်အဖွဲ့လိုက်ပြိုင်ပွဲတို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ယဉ်ကျေးမှုရတနာခန်းမ၌လည်းကောင်း၊ အတီးပြိုင်ပွဲ (ဒိုးပတ်၊ အိုးစည်၊ တယော)၊ ကွက်စိပ်ပြိုင်ပွဲတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လေ့ကျင့်ရေးဇာတ်ရုံ၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဆိုင်းတစ်ဦးချင်း)တို့ကို အမျိုးသားစာကြည့်တိုက်၌ လည်းကောင်း၊ အတီးပြိုင်ပွဲ (စောင်း၊ နှဲ၊ ပလွေ၊ ပတ္တလား) တို့ကို အမျိုးသားပြတိုက်၌လည်းကောင်း၊ ဇာတ်တော်ကြီးပြိုင်ပွဲကို နေပြည်တော် စည်ပင်သာယာ ရေးကော်မတီရှိ လေဟာပြင်ဇာတ်ရုံ၌လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *