October 14, 2024

၁၂.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာ အောက်တိုဘာ ၉ ရက်ညက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အဆင့်(၃) ရှိ ဟာရီကိန်းမီလ်တန်ကြောင့် သူ့ရဲ့အိမ် ထိခိုက်ပျက်စီးမှု မရှိစေဖို့ ဟာရီကိန်းကုန်းတွင်း မဝင်ခင်ကတည်းက ကြိုတင်ဆောင်ရွက်ခဲ့တဲ့ ဖလော်ရီဒါပြည်နယ်နေသူတစ်ဦးရဲ့လုပ်ဆောင်ချက်က ထူးထူးခြားခြား သတိပြုစရာဖြစ်ခဲ့ရပါတယ်။

ဖလော်ရီဒါပြည်နယ်အတွင်း အော်လန်ဒိုမြို့မှာနေတဲ့ ပီဒရို ကာဆာရီးစ်က သူတို့မိသားစုရဲ့အိမ်ကို ဟာရီကိန်းကြောင့် ရွေ့လျားပြိုလဲမှုမဖြစ်အောင်ဆိုပြီး အိမ်ကို မလှုပ်နိုင်အောင် အသေချည်ထားဖို့ မုန်တိုင်းမဝင်မီ အကြံရခဲ့ပါတယ်။

သူက ပထမဆုံး အိမ်ရဲ့ အရှေ့နဲ့နောက်ဘက်တို့မှာ သတ္တုချိတ်တွေကို မြေကြီးထဲမှာ ရှစ်ပေခန့်အထိ အင်္ဂတေကိုင်မြှုပ်ထားကာ မြေပေါ်မှာ ကြိုးချည်ဖို့ ချိတ်တွေပဲ‌ဖော်ထားခဲ့ပါတယ်။ ဒီနောက်မှာတော့ ကုန်ပစ္စည်းတင် ကုန်သေတ္တာတွေကို ထိန်းသိမ်းတည်ငြိမ်စေဖို့ သင်္ဘောတွေမှာသုံးတဲ့ပလတ်စတစ်ကွင်းကြိုးပြားတွေနဲ့ အိမ်ရဲ့အမိုးပေါ်က ဖိကျော်ပြီး အိမ်ရှေ့နဲ့နောက်မှာရှိတဲ့ချိတ်တွေကို ဆက်ကာ တင်းနေအောင် ချိတ်ဆက်ထားတာပါ။ ဒီအတွက် ဟာရီကိန်းတိုက်ခတ်ချိန်မှာ အိမ်အနေနဲ့ လေတိုက်ရာနောက် ရွေ့လျားတာမျိုးမဖြစ်အောင် ကာဆာရီးစ်ကဆောင်ရွက်ခဲ့တာပါ။

အင်္ဂတေကိုင်ထားတဲ့ မြေမှာမြှုပ်ထားမယ့် ကျောက်ဆူးချိတ်တွေနဲ့ အလေးချိန် ၅,၄၀၀ ပေါင် လောက်ရှိမယ့် ဟာရီကိန်းတိုက်စဉ် ကြံ့ကြံ့ခံနိုင်အောင်အထူးမှာယူထားတဲ့ ပလတ်စတစ်ကွင်းကြိုးပြားတွေအတွက် ဒေါ်လာ ၂၂,၀၀၀ လောက်သုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကာဆာရီးစ် တို့မိသားစုရဲ့ အိမ်ကတော့ သူ့ရဲ့ကြိုတင်ပြင်ဆင်မှု အစီအမံနဲ့အတူ ဟာရီကိန်း မီလ်တန်အတွင်း သိသာတဲ့ကြီးကြီးမားထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ဘဲ ပကတိအတိုင်းလိုရှိခဲ့တယ်လို့ သိရပါတယ်။

Ref. Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *