October 14, 2024

၁၂.၁ဝ.၂၀၂၄
Written by K Pyay Thein

လမ်းပန်းဆက်သွယ်​ရေး​အခက်အခဲကြောင့် ဘားအံ – မြဝတီကားခဟာ ခရီးသည်တစ်ဦး ကျပ် ၇၀၀၀၀ အထိ ​စျေးနှုန်းမြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတွေထံကနေ သိရပါတယ်။

“အခုက ဘယ်လိုဖြစ်လဲဆိုရင် လမ်းသစ်ဘက်​က တိုက်ပွဲတွေရှိနေတော့ သွားလို့မရ​ဘူး။ လမ်း​​ဟောင်းဘက်​တွေက​နေ သွားရတယ်။ ကျုံဒိုးဘက်​တွေ ထော့ကို့ကိုးတောလမ်းဘက်တွေက​နေ သွားရတယ်။ တစ်ခါတလေ လမ်းမှာ ညအိပ်ရတာ​တွေရှိတယ်။ အခုက မိုးတွင်းကာလဆို​တော့ လမ်းပန်းဆက်သွယ်​ရေးက အ​တော်​လေးခက်ခဲ​နေတာ​တွေ ရှိပါတယ်။ လမ်းဟောင်းကသွားရင် တစ်ခါတလေ ၂၄ နာရီအတွင်းရောက်တယ်။ တစ်ခါတလေ ၄၈ နာရီအတွင်းရောက်ပါတယ်” လို့ ဘားအံဒေသခံ ခရီးသွားဝန်‌ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ​ပြောပါတယ်။

လက်ရှိကာလ ကော့ကရိတ်နဲ့ မြ၀တီ​ဒေသမှာ ဒေသတွင်းတိုက်ပွဲ​တွေ​ကြောင့် လမ်းပန်းဆက်သွယ်​ရေးအပိုင်းမှာ အခက်
အခဲ​တွေရှိ​နေတာဖြစ်ပါတယ်။

“အရင်ကဆို ​ကော့ကရိတ်-မြဝတီက လမ်းသစ်ကသွားရင် ခဏပဲ​လေ။ နာရီပိုင်းပဲ ကြာပါတယ်။ အခုက အ​ခြေအ​နေအ​ကြောင်းအမျိုးမျိုး​ကြောင့် လမ်း​ဟောင်းဘက်ကပဲ သွား​နေရ​တော့ အချိန်​တွေပိုကြာသွားသလို ကားခတွေလည်းပိုတက်လာတဲ့သ​ဘောပါ”လို့ မြ၀တီမြို့ ​ဒေသခံတစ်ဦးက ဆက်ပြီးပြောပါတယ်။

အခုလက်ရှိ ဘားအံ – မြဝတီကားခဟာ ခရီးသည်တစ်ဦးကို ကျပ် ၇၀၀၀၀ ကနေ ကျပ် ၈၀၀၀၀ ကြားလောက်ဈေးရှိနေတာလည်း ဖြစ်ပါတယ်။

Photo – CJ
ပုံစာ – ဒေါနတောင် မြဝတီ လမ်းပိုင်းတစ်နေရာအားတွေ့ရစဉ်။

#ဘားအံ #မြဝတီ #ယာဉ်စီးခ #လမ်းပန်းဆက်သွယ်ရေး #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *