October 14, 2024

၁၂.၁၀.၂၀၂၄
Written By Thandar

Rap, Hip Hop တေးသီချင်းတွေကြောင့် ပရိသတ်အားပေးမှုရရှိထားတဲ့ အဆိုတော် မိစန္ဒီကတော့ The Mask Singer Myanmar Season 2 မှာ Rap ကို အဓိကဆိုတဲ့သူအနေနဲ့ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ သီချင်းကောင်းတွေကို အသံဖျက်ဆိုတဲ့အခါ သီချင်းတွေရဲ့ Melody အပိုင်းမှာ အားနည်းချက်များစွာရှိခဲ့တယ်လို့ ဆိုပါတယ်။

“တကယ်တော့ မိစန္ဒီတို့ ဘာမှတောင် တစ်လုံးမှ ဆိုတာ မပြရသေးဘူး။ အရိပ်အမြွက်ပေးတဲ့ အချက်တွေမှာတင် မိစန္ဒီလို့ ခန့်မှန်းပေးကြပြီး ယောကျာ်းလိုလို မိန်းမလိုလို၊ လူကြီးအသံလိုလို အသံတွေ ဖျက်ထားတာတောင် သိကြတဲ့အတွက် အံ့ဩချီးကျူးမိပါတယ်။ ဝိုင်းမေးကြတဲ့ ပရိသတ်တွေ သူငယ်ချင်းတွေကိုလည်း ဟိုလို ဒီလိုနဲ့ လိမ်မိတာတောင်းပန်ပါတယ်။ မိစန္ဒီ ရိုက်ကူးရေးအချိန်မှာ တိုက်ဆိုင်စွာနဲ့ ကျီးပေါင်းက နာနေပြီး နည်းနည်း နေမကောင်းဖြစ်တာမို့ ခေါင်းဆောင်းဝတ်စုံတွေရဲ့ Weight တွေနဲ့ လှုပ်ရှားရတာလည်း နည်းနည်း ခက်ခဲခဲ့တာမို့ ဖျော်ဖြေမှုတွေမှာ တစ်ခုခု အမှားအယွင်းအားနည်းချက်တွေ ရှိရင်လည်း ခွင့်လွှတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်။ Mask တွေက ဘယ်သူတွေလဲဆိုတာ ခန့်မှန်းရင်း ခဏလောက်ဖြစ်ဖြစ် ပရိသတ်တွေ စိတ်အပန်းပြေရတယ် ပျော်ရတယ်ဆိုရင် ကျေနပ်ပါတယ်”လို့ အဆိုတော် မိစန္ဒီကပြောပါတယ်။

အဆိုပါ The Mask အစီအစဉ်တင်ဆက်သူအနေနဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်း၊ ဆယ်လီစုံထောက်များ အနေနဲ့ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က ဝါရင့်သမ္ဘာရင့် အနုပညာရှင်တွေဖြစ်တဲ့ အကယ်ဒမီ ထွန်းထွန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော် ၊ ငှက်ပျော်ကြော်၊ စန္ဒီမြင့်လွင်၊ မျက်နှာဖုံးရှင်ဆယ်လီတွေအနေနဲ့ နယ်ပယ်စုံက နာမည်ကြီး Celebrity (၁၈) ဦးတို့ကပါဝင်ပြီ အကောင်းဆုံး ဖျော်ဖြေတင်ဆက်ပေးထားတာ ဖြစ်ပါတယ်။

“ဘဝမှာ ကိုယ့်အတွက် အမှတ်တရ အမြဲဖြစ်စေမယ့် အရုပ်မယ်လေးလုပ်ရတာပါပဲ။ Rap ကို အဓိကဆိုတဲ့ သူတစ်ယောက်အနေနဲ့ ကိုယ်အရမ်းကြိုက်ခဲ့တဲ့ သီချင်းကောင်းတွေကို ဆိုတဲ့အခါမှာ အသံဖျက်ရတာရော၊ ဆိုနေကြ သီချင်းပုံစံမျိုးတွေ မဟုတ်တဲ့ Melody တွေ ဖြစ်တာကြောင့်ရော အားနည်းချက်များစွာ ရှိခဲ့တာတွေ ရှိပါတယ်။ ချစ်တဲ့စိတ်လေးနဲ့ ဖြည့်ပေးပြီး ကြည့်ပေး နားထောင်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ကိုယ့်ထက် အများကြီး ဝါရင့်ပြီး စီနီယာကျတဲ့ Cele စုံထောက်များကို ပျော်အောင် စမိတာတွေမှာ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့ရင်လည်း တောင်းပန်ပါတယ်နော်”လို့ သူက ဆက်ပြောပါတယ်။

#မိစန္ဒီ #MiSandi #အရုပ်မယ်

#TheMaskSingerMyanmarSeason2

#TheMaskSingerMyanmar

Leave a Reply

Your email address will not be published. Required fields are marked *