October 14, 2024

၁၁.၁၀.၂၀၂၄
Written by KL

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ပါလျှံရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်တွင် ယမန်နေ့အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက ကျောင်းဆရာတစ်ဦးစီးလာသော ဆိုင်ကယ်ကို ကိုယ်ပိုင်ယာဥ်တစ်စီးက ဝင်တိုက်ရာမှ ကျောင်းဆရာလဲကျသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ALphard အနက်ရောင်​မော်တော်ယာဥ်က ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အလယ်တန်းပြကျောင်းဆရာဖြစ်သော အသက် ၆၈ နှစ်အရွယ် ဦးတင်နိုင်ထွဋ် စီးလာသော ဆိုင်ကယ်ကို အနောက်မှ ဝင်တိုက်ခဲ့ရာက ဆိုင်ကယ်ပေါ်မှ လဲကျ၍ ကျောင်းဆရာ သေဆုံးခဲ့ခြင်းဖြစ်သည်။

“မနက်ကတွေ့တယ်ဗျာ။ စိတ်မကောင်းဘူး။ ဆိုင်ကယ်ဦးထုပ်ဆောင်းထားပါလျက်နဲ့ မျက်နှာအောက်ကကျတာ အကျနာလို့နေမှာ”ဟု တာချီလိတ်မြို့ခံတစ်ဦးက ပြောသည်။

ကားဖြင့်တိုက်ပြေးသူကို အမြန်ဆုံးဖမ်းမိနိုင်ရန်အတွက် CCTV မှတ်တမ်းများကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးနေကြောင်းသိရသည်။

သေဆုံးခဲ့သော အလယ်တန်းပြကျောင်းဆရာကို မနက်ဖြန် အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပုံလို့သုဿန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *