October 15, 2024

၁၂.၁၀.၂၀၂၄
Written By Thandar

မြန်မာယဉ်ကျေးမှုတွေနဲ့အတူ ထူးခြားတဲ့ Romantic ဆန်ဆန် ကာရိုက်တာမျိုး မြင်တွေ့ရမယ့် “ပဝါပါးပါး သနပ်ခါး” ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးခြင်းအမှတ်တရ အထူးမီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၁ ရက် ညနေ ၅ နာရီက ရန်ကုန်မြို့ ကန်သာယာရှိ Rangoon Cineplex မှာ ကျင်းခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ဒီကားလေးကို သဘောကျတယ်။ မြန်မာရိုးရာအမွေအနှစ်ပုံစံ ရသလေးလည်းပါတယ်။ ချစ်စရာကောင်းတဲ့ မြန်မာရိုးရာဓလေ့လည်းပါပါတယ်။ ဇာတ်က အချစ်ရော၊ ဒရာမာလေးရော၊ မထင်မှတ်ထားတဲ့ အကြောင်းအရာလေးတွေလည်းပါပါတယ်။ ထုတ်လွှင့်ပြသရင်လည်း အားပေးကြပါဦးလို့” သရုပ်ဆောင် ထူးအောင်က ဆက်ပြောပါတယ်။

ရည်မွန်အောင်ထုတ်လုပ်ရေးက ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း မယ်ခိုင်က ရေးသားပြီးတော့ ဒါရိုက်တာ သိုးဆောင်းက သရုပ်ဆောင် ထူးအောင်၊ မေဂရေ့စ်၊ အကယ်ဒမီ မြင့်မြင့်ခိုင်၊ သံစဉ်မောင်၊ ပိုင်စိုးစံ၊ ပြည့်ကောင်းစုသန့် စတဲ့အနုပညာရှင်များတွေအပြင် Casting Calling နဲ့ အနုပညာသရုပ်ဆောင် ဝါသနာရှင် မျက်နှာသစ် သရုပ်ဆောင်တွေဖြစ်တဲ့ ဇွဲ၊ ရဲသူ၊ ပြည့်ဟိန်းသူ၊ ဝေမင်း၊ အေးမြတ်သန္တာ၊ ယင်းမာတို့နဲ့ ရိုက်ကူး ပါဝင်သရုပ်ဆောင်ကြမယ်လို့သိရပါတယ်။

“မေဂရေ့စ်ရဲ့ ပထမဦးဆုံးဇာတ်လမ်းတွဲပါ။ တစ်ခါမှလည်း အချစ်ခန်းတွေ မရိုက်ဖူးဘူး။ ဒီကားလေးကတော့ ဇာတ်ညွှန်းကို ဖတ်လိုက်ကတည်းက မေ့ဂရေ့စ်ကိုယ်တိုင်လည်း သဘောကျတယ်။ မြန်မာဆန်ဆန်လေးနဲ့ Role ထားတာလေးပါပါတယ်။ ကိုယ်ပါဝင်ရမယ့် ဇာတ်ကောင်ကာရိုက်တာကို ဖတ်ပြီး ကိုယ်တိုင်တောင် ငိုမိတဲ့အထိ ခံစားရတယ်။ အဲ့ဒါကြောင့်လည်း ဒီကားလေးကို ရိုက်ဖို့အတွက် လက်ခံဖြစ်ခဲ့တာပါ။ ဒီကားလေးအတွက် ပြန်ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့အခန်းလေးတွေပါတယ်” လို့ သရုပ်ဆောင် မေဂရေ့စ်က ပြောပါတယ်။

“ပဝါပါးပါး သနပ်ခါး”ဇာတ်လမ်းတွဲကို အောက်တိုဘာ ၁၉ ရက်နေ့ ည ၈ နာရီခွဲ စနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ Fortune TV Channel က ပြသမှာဖြစ်ပါတယ်။

#ထူးအောင် #HtooAung

#မေဂရေ့စ် #MayGrace

#MyanmarCele #MyanmarModel  #ပဝါပါးပါးသနပ်ခါး

Leave a Reply

Your email address will not be published. Required fields are marked *