October 15, 2024

၁၁.၁၀.၂၀၂၄
Written by KL

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်၂၃၄/၅ နှင့် ၂၃၄/၆ အကြားတွင် ယနေ့ အောက်တိုဘာလ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က ခရီးသည် ၂၅ ဦးလိုက်ပါလာသော နယူးမန္တလာထွန်း ခရီးသည်တင်ယာဥ်တစ်စီးမှာ နောက်ဘီးပေါက်၍ အမြန်လမ်းပေါ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၁၉ နှစ်မှ အသက် ၃၈ နှစ်အရွယ်ကြားရှိ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်းအသက်အန္တရာယ် စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေက ရန်ကုန်ကပါ။ ပွန်းပဲ့ပေါက်ပြဲဒဏ်ရာတွေ၊ နာကျင်ဒဏ်ရာတွေ ရခဲ့တာပါ။ ဒဏ်ရာရသူတွေကို နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်”ဟု အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက​ ပြောသည်။

ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုကြောင့် ခရီးသည်တင်ယာဥ်၏ အရှေ့လေကာမှန်ကွဲကာ ဘယ်နောက်ကြည့်မှန်လည်း ကွဲအက်ခဲ့ကြောင်း သိရသည်။

ခရီးသည်တင်ယာဥ်မောင်းမှာ ထွက်​ပြေး တိမ်းရှောင်သွားသည််ဟု သိရပြီး ယာဥ်မောင်းကို ဘုရားတောင်အမြန်လမ်းရဲစခန်းက ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၀၂ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *