October 11, 2024

၁၁.၁၀.၂၀၂၄
Written By Thandar

လာမယ့် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲအခမ်းအနားကြီးမှာ ကန်တော့ခံပုဂ္ဂိုလ်ဝါရင့်အနုပညာရှင်အတတ်ပညာရှင် ၁၃၉ ဦးအား ကန်တော့ကြမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ သက်ကြီးပူဇော်ပွဲအတွက် အနုပညာလောက နာမည်ကြီးအနုပညာရှင်တွေနဲ့ စေတနာရှင်တွေ ပါဝင်လှူဒါန်းနေလျှက်ရှိပါတယ်။

“ကျွန်မ ရုပ်ရှင်လောကထဲကိုရောက်လာတာ အသက် ၁၅ နှစ်သမီး အသံတိတ်ခေတ်ကပါ။ အဲတုန်းကတော့ လူငယ်ဆိုတော့ လူကြီးတွေကို တွေ့လို့ရှိရင် ကန်တော့တယ်။ ရိုသေတယ်။ ကိုင်းရှိုင်းခဲ့တယ်။ လူကြီးတွေကို ကန်တော့ရင်း အဲတုန်းက ငါတို့လည်းတစ်ချိန်ကြရင် ကန်တော့ခံရဦးမလား မသိဘူးလို့ တွေးမိတယ်။ ခုတော့ ကိုယ်လည်း အသက်ကြီးလာပြီလေ။ ကိုယ့်လောကသားတွေကို ဘာပဲဖြစ်ဖြစ် လှူတာတွေက အရေးမကြီးပါဘူး။ အရေးကြီးတာ ကိုယ်တွေလိုကြီးတဲ့သူတွေ ဂါဝရတရားထားပြီးတော့ သက်ကြီးပူဇော်လာဖို့ပဲ အမေက ဖိတ်ခေါ် ချင်ပါတယ်”လို့ ရုပ်ရှင်သက်ကြီးပူဇော်ခံ နာယကကြီး အကယ်ဒမီ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။

အဆိုပါ ၄၇ ကြိမ်မြောက်ရုပ်ရှင်သက်ကြီး ကန်တော့ခံပုဂ္ဂိုလ် ၁၃၉ ဦးကို ပူဇော်ပွဲအတွက် အနုပညာလောက အသိုင်းအဝိုင်းက လှူဒါန်းမှုအဖြစ် အကယ်ဒမီနေတိုးက ငွေကျပ် ၅ သိန်း၊ သရုပ်ဆောင် ဆုပန်ထွာက ငွေကျပ် ၅ သိန်း၊ သရုပ်ဆောင် မိုခမ်း သမီးဖြစ်သူ သရုပ်ဆောင် ဩသဇင်ဗိုလ်တို့က ငွေကျပ် ၁ သိန်း၊ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင် မိသားစုက ငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင် ခင်သန်းနွယ်က ငွေကျပ် ၁ သိန်း၊ သရုပ်ဆောင် ကျော်ထက်အောင်က ငွေကျပ် ၃ သိန်း၊ သရုပ်ဆောင် နော်ဖောအယ်ထားက ငွေကျပ် ၅ သိန်း၊ သုံးထပ်ကွမ်း အကယ်ဒမီ ကြည်မင်းသိန်းက ငွေကျပ် ၂ သိန်း၊ ဒီဇိုင်နာ ရည်မွန်အောင်က ငွေ ကျပ် ၅ သိန်း၊ သရုပ်ဆောင် ဦးလူမုန်းကိုရည်စူးပြီးဇနီးအောင်ရီရီတို့ မိသားစုက ငွေကျပ် ၁ သိန်း၊ ထပ်ဆင့်အကယ်ဒမီမြင့်မြတ်တို့ မိသားစုက ငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင်စုလှိုင်နှင်းက ငွေကျပ် ၂ သိန်း၊ အကယ်ဒမီများရှင် မေသန်းနုက ငွေကျပ် ၂ သိန်း၊ အကယ်ဒမီ ခင်ဇာခြည်ကျော်က ငွေကျပ် ၂ သိန်း၊ သရုပ်ဆောင် ကျော်ကျော်နဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးတို့က ငွေကျပ် ၅ သိန်း၊ အကယ်ဒမီ ရဲအောင်က ငွေကျပ် ၂ သိန်း၊ သရုပ်ဆောင် ဂျေဇက်ဒေါင်လွဏ်းက ငွေကျပ် ၅ သိန်း၊ သရုပ်ဆောင် စံရတီမိုးမြင့်က ငွေကျပ် ၃ သိန်း၊ သရုပ်ဆောင် နန်းဆုရတီစိုးက ငွေကျပ် ၃ သိန်း၊ သရုပ်ဆောင် ခိုင်နှင်းဝေက ငွေကျပ် ၁၀ သိန်း၊ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် မေသဉ္ဇာဦးက ငွေကျပ် ၂ သိန်း၊ အကယ်ဒမီများရှင် ရန်အောင်က ငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင်ဒေါ်ခင်အုန်းမြင့်က ငွေကျပ် ၁ သိန်း၊ သရုပ်ဆောင် စိုးညီညီက ငွေကျပ် ၁ သိန်း၊ သရုပ်ဆောင် မင်းပိုင်က ငွေကျပ် ၂ သိန်း၊ သရုပ်ဆောင် မင်းခန့်ထည် က ငွေကျပ် ၁ သိန်း၊ ၂၀၂၃ ခုနှစ် ရွှေကြို သက်ထားစံက ငွေကျပ် ၁ သိန်း၊ တနင်္သာရီတိုင်း ဗီဒီယို အခြေခံအဖွဲက ငွေကျပ် ၁၀ သိန်း၊ သရုပ်ဆောင်ထင်လင်းအောင်က ငွေကျပ် ၁ သိန်းခွဲတို့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့စေတနာရှင်တွေကလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။

သက္ကရာဇ် ၁၉၂၀ အောက်တိုဘာ ၁၃ ရက်က စတင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဟာ ၁၀၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကတော့ ၄၆ ကြိမ် ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာတော့ အကန်တော့ခံသက်ကြီး ၁၈၀ နီးပါးကိုလည်း ကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ အကန်တော့ခံသက်ကြီးတွေ အနေနဲ့ အသက် ၇၀ နှစ်အထက် ဖြစ်ရမှာဖြစ်ပြီး အနုပညာလုပ်သက်တမ်း အနှစ် ၂၀ ရှိသူမှသာ ကန်တော့ခံစာရင်းဝင်တာလည်း ဖြစ်ပါတယ်။ အခု ၄၇ ကြိမ်မြောက် သက်ကြီးပူဇော်ပွဲမှာ ကန်တော့ခံသက်ကြီးက ၁၃၉ ဦးသာ ရှိတော့တယ်လို့လည်း သိရပါတယ်။

အရင်နှစ်တွေမှာ မြန်မာ့ရုပ်ရှင်နေ့နဲ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို ရန်ကုန်မြို ဗဟန်းမြိုနယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) နဲ့ နှင်းဆီကုန်းဘိုးဘွားရိပ်သာတို့မှာ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၃ ရက်မှာ ကျင်းပမယ့် ၁၀၄ နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့နဲ့ ၄၇ ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုတော့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို)မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

#၁၀၄နှစ်မြောက်မြန်မာ့ရုပ်ရှင်နေ့

#ဦးကြည်စိုးထွန်း #UKyiSoeTun

#၄၇ကြိမ်မြောက်ရုပ်ရှင်သက်ကြီးပူဇော်ပွဲ

#မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး

#MMPO #UAyeKyuLay

Leave a Reply

Your email address will not be published. Required fields are marked *