October 11, 2024

၁၁.၁၀. ၂၀၂၄
Written by Shwe Phyo

တောင်ကိုရီးယားသမ္မတက မြန်မာနိုင်ငံကို ယခုနှစ်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၂၃ သန်း ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်သည် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာနိုင်ငံကို အကူအညီများပေးရန်အတွက် တံခါးပိတ်ဆွေးနွေးမှုတွင်ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးကပြောသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးအာဏာအငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုများကို အကူအညီပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့ပေးမည့် တောင်ကိုရီးယားအစိုးရ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီသည် ၂၀၂၃ နှစ်နှင့် နှိုင်းယှဉ်လျှင် လေးဆခန့်မြင့်တက်လာခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရသည် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ သန်း၊ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ သန်းကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း သိရသည်။

အရှေ့အာရှထိပ်သီးအစည်းအဝေးကို နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များအပြင် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာနေထိုင်နေရသူ အနည်းဆုံး ၃ သန်းခန့်ရှိနေကြောင်း
ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

REF, koreaherald

Leave a Reply

Your email address will not be published. Required fields are marked *