October 11, 2024

၁၁. ၁၀. ၂၀၂၄
Written by Nay Moe

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတက်ရောက်နေတဲ့ အာဆီယံ – အမေရိကန်အစည်းအဝေးနောက်ဆုံးနေ့ကို SAC အစိုးရအဖွဲ့ကိုယ်စားလှယ်ပါ စားပွဲဝိုင်းတစ်ခုတည်း တက်ရောက်နေတာကို ဒီနေ့ပြုလုပ်တဲ့အခမ်းအနားမှာ တွေ့မြင်ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဒ်တို့ပါ တက်ရောက်နေတဲ့ ဒီနေ့ အောက်တိုဘာ ၁၁ ရက် ဆွေးနွေးပွဲကို မြန်မာအစိုးရကိုယ်စားပြုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုး တက်ရောက်ခွင့်ရနေတာလည်းဖြစ်ပါတယ်။

အခမ်းအနားမြင်ကွင်းအရ ဘလင်ကန်က ထိပ်ဆုံးမှာ ထိုင်နေခဲ့သလို မြန်မာအစိုးရရဲ့ အမြဲတမ်းအတွင်းဝန်ဦးအောင်ကျော်မိုးက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရက်တ်နိုမာဆူဒီဘေးမှာ မြန်မာ့အလံနဲ့အတူ တွေ့မြင်ရပါတယ်။

၂၀၂၁ ဖြစ်စဥ်အကြမ်းဖက်ဆန္ဒပြမှုတွေ ရက်ဆိုင်းအပြီး ဧပြီလကုန်ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာအစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့ပေအဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်မှုမှာ တိုးတက်မှု မရှိဘူးဆိုပြီး အာဆီယံအစည်းအဝေးပွဲတွေကို နိုင်ငံ‌ရေးရာထူးမယူထားသူကိုဘဲ တက်ရောက်ခွင့်ပေးဖို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ အာဆီယံဘက်က ဆုံးဖြတ်ခဲ့တာကြောင့် SAC အစိုးရဘက်ကလည်း ကိုယ်စားလှယ် စေလွှတ်ခြင်းမပြုတော့ပေမဲ့ ဒီနှစ် ၂၀၂၄ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာတော့ မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးအောင်ကျော်မိုးကို အာဆီယံထိပ်သီးဆွေးနွေးပွဲဆီ မြန်မာအစိုးရကိုယ်စားလှယ်အဖြစ်စေလွှတ်ခဲ့သလို အာဆီယံကလည်း လက်ခံခဲ့တာကြောင့် တိုးတက်လာခဲ့တယ်လို့ဆိုရမှာဖြစ်သလို ဒီနေ့မှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်ရဲ့တစ်ယောက်ကျော်မှာ မြန်မာအစိုးရကိုယ်စားလှယ်ကို တွေ့မြင်ရတဲ့အထိ ဖြစ်လာတာပါ။

ဒီနေ့အစည်းအဝေးမှာတော့ အာဆီယံ-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့နဲ့ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် ပိုမိုခိုင်မာလာစေရန် ကြိုးပမ်းမှုတွေ ဆွေးနွေးခဲ့တဲ့အပြင် ဂါဇာအရေး၊ လက်ဘနွန်အရေးတွေလည်း ဆွေးနွေးခဲ့တယ်လို့လည်း ကနဦးသိရပါတယ်။ (Photo – Getty Images & A.Ibrahim)

Leave a Reply

Your email address will not be published. Required fields are marked *