October 10, 2024

၁၀.၁၀. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့သောရေကြီးမြေပြိုမှုများအတွင်း အသက် ၁၂ နှစ်အရွယ်ရှိကလေးငယ်တစ်ဦးသည် လူပေါင်း ၁၀၀ကျော်ကို အသက်ရှင်စေရန် ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ အောင်သုခကျေးရွာတွင် ရေကြီးမှုများဖြစ်ပွားချိန်အတွင်း ပေါများ အမည်ရှိ ကလေးငယ်တစ်ဦးသည် လူများစွာကယ်တင်ပေးခဲ့မှုအတွက် သူရဲကောင်းတစ်ဦးအဖြစ် သတ်မှတ်ချီးကျူးခံခဲ့ရကြောင်း သိရသည်။

အသက် ၁၂နှစ်အရွယ်ရှိ ပေါများက ” ရေကြီးနေချိန်အတွင်း ကျွန်တော်ဟာ သက်ကြီးရွယ်အိုတွေကို ကျောပိုးပေးခဲ့သလို လှေကိုလည်း လက်နဲ့ မကြာခဏလှော်ခဲ့ရတယ်။ စက်တင်ဘာ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့အတွင်းကျွန်တော်ဟာ သက်ကြီးရွယ်အိုတွေနဲ့ အခြားသူတွေကို ကယ်တင်ပေးခဲ့တယ်။ ညလုံးပေါက်နဲ့ တစ်နေ့လုံးအတွင်း သက်ကြီးရွယ်အိုတွေနဲ့ အခြားသူတွေကိုကယ်တင်ပေးခဲ့တယ်။ ကျွန်တော် ကူညီကယ်တင်ပေးခဲ့သူတွေ ဘေးကင်းတာတွေ့မြင်ရတော့ ကျေနပ်ဝမ်းသာရတယ်” ဟုပြောသည်။

၎င်းသည် အနာဂတ်တွင် ဆရာဝန်တစ်ဦးဖြစ်လာစေရန် ရည်မှန်းချက်ရှိနေသူဖြစ်ပြီး လူအများ၏အသက်ကိုကယ်တင်ပေးရန် ဆန္ဒရှိကြောင်း ပြောသည်။

၎င်း၏ ဖခင်ဖြစ်သူသည် ငါးဖမ်းသမားတစ်ဦးဖြစ်ကြောင်းသိရပြီး ဖခင်ဖြစ်သူ ဦးမင်းနိုင်က “သားဖြစ်သူပေါများဟာ မူလတန်းကျောင်းကို တက်ရောက်ခဲ့ရတယ်။ အိမ်ရဲ့အလုပ်ကိစ္စတွေရှိနေတဲ့အတွက် ပညာဆက်လက်သင်ယူဖို့ အတားအဆီးဖြစ်ခဲ့ပြီး မူလတန်းသာတက်ရောက်သင်ယူခဲ့ရတယ်။ လက်ရှိအချိန်မှာတော့ သားဖြစ်သူဟာ ပညာဆက်လက်သင်ကြားလိုတဲ့ဆန္ဒကို အကောင်ထည်ဖော်ဖို့အတွက် ကျောင်းပြန်အပ်ထားတယ်။ သားဖြစ်သူဟာ ကျောင်းပြန်တက်ဖို့ ထိုက်တန်သူဖြစ်တယ်။ ကျွန်တော့်အနေနဲ့ သားဖြစ်သူကို ကျောင်းဆက်တက်ဖို့ မကူညီပေးနိုင်ရင်တောင် ကျောင်းတက်ဖို့ ကိုယ်အားကိုယ်ကိုး တက်ရောက်နိုင်သူဖြစ်တယ်။


ပေါများဟာအသက် ၁၂နှစ်အရွယ်သာရှိပေမယ့်လှေကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ သူဟာ ရေကြီးချိန်အတွင်း လှေကို အသုံးပြုပြီး လူအများကို ကယ်တင်ရချိန်မှာ ရုန်းကန်ခဲ့ရတယ်။ ပေါများဟာအသက်ကယ်အင်္ကျီ ဝတ်ဆင်တာမျိုးမရှိဘူး” ဟုပြောသည်။

အသက် ၁၂နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးကယ်တင်ပေးခဲ့သူတစ်ဦးဖြစ်သည့် အသက် ၃၈ နှစ်အရွယ်ရှိ
ကိုငွေလှိုင်က ” ကျွန်တော့် ညီလေးဖြစ်တဲ့ ပေါများဟာအရွယ်ရောက်ပြီး သန်မာတယ်။ ရေကြီးမှုတွေဖြစ်နေချိန်မှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို ဘယ်လို ကိုင်တွယ်ရမလဲ မသိဘူး။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရေတွေကြီးနေချိန်မှာ စိတ်ပူပန်သောကတွေ ရောက်ခဲ့ရတယ်။ အဲဒီအချိန်မှာ ပေါများဟာ ကျွန်တော်တို့ကို ကယ်တင်ဖို့ ရောက်ရှိလာတယ်။ အဲဒီအချိန်မှာကျွန်တော်တို့ဟာ ပျော်ရွင်ရတယ်။ ကျွန်တော်တို့ အသက်ရှင်နေထိုင်ရတာတွေဟာ ပေါများကြောင့်ဖြစ်တယ်” ဟုပြောသည်။
 
REF, xinhua

#ပေါများ #နေပြည်တော် #ကယ်တင်
#အသက် #Myanmar #AungThukha
#Naypyitaw #MTEntertainment

Leave a Reply

Your email address will not be published. Required fields are marked *