October 10, 2024

၁၀.၁၀.၂၀၂၄
Written By ZUn

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာ မြောက်ဘက် ဝင်းစိန်ကျေးရွာ၊ ဇေယျာသီရိရပ်ကွက်၊ ဝင်းစိန်ဘုန်းကြီးကျောင်းမုခ်ဝအနီး သန်းခေါင်စာရင်း ကောက်ခံသည့်အဖွဲ့ ပစ်ခတ်ခံရ၍ တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ ၃ ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက် ၇ နာရီအချိန်ခန့်က သန်းခေါင်စာရင်း ကောက်ခံသည့်အဖွဲ့ကိုလုံခြုံရေးယူပေးရန် ဆသရ-၇ မှ စစ်သည်များလိုက်ပါလာသည့် Hijet ယာဉ်ကို KNU/PDF ပူးပေါင်းအဖွဲ့က က RPG ဖြင့်အနီးကပ်ပစ်ခတ်ခဲ့ခြင်းကြောင့် တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ ၃ ဦးဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဒဏ်ရာရသူများနှင့် သေဆုံးသူများကို တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း၊ ပစ်ခတ်မှု အပြီးတွင် RPG (၁) လက်သိမ်းဆည်းရမိပြီး အဆိုပါအကြမ်းဖက်အဖွဲ့များဖြစ်သည့် KNU/PDF ပူးပေါင်းအဖွဲ့ကို တပ်မတော်မှ လိုက်လံ ရှင်းလင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၆ ရက်က တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေ နှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူနေသည့် အခြေခံပညာမူလတန်းလွန်ကျောင်း (ဂေါ့အင်း) မှ ကျောင်းဆရာမ ဒေါ်မေမီမိုး၊ နှင့် ဒေါ်ဥမ္မာထွန်း ၊ အခြေခံပညာအထက်တန်းကျောင်း(ရေဖြူ)မှ ကျောင်းဆရာ မ ဒေါ်ခင်အေးဆက်၊ဒေါ်ရင်ရင်စိုး နှင့်ဒေါ်မြအေး၊ အခြေခံပညာ မူလတန်းကျောင်း (ကဒက်ငယ် ထိန်)မှ ကျောင်းအုပ်ဆရာမ ဒေါ်ဖြူဖြူထွေး ၊ ရေဖြူကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံး စာရေးမဒေါ်သီတာ တို့ကို PDF များက လည်းကောင်း၊ အောက်တိုဘာလ ၄ ရက် က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှ မြို့မိမြို့ဖ ဦးကမ်လျန်ထန်အား PDF Zoland အဖွဲ့ကလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့်ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သေးသည်။

Leave a Reply

Your email address will not be published. Required fields are marked *