October 10, 2024

၁၀.၉.၂၀၂၄
Written by KL

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်ရပ်ကွက်တွင် နေထိုင်သည့် မိန်းကလေးငယ်တစ်ဦးမှာ ၄ ရက်ကြာ ပျောက်ဆုံးနေပြီးနောက် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့က အသတ်ခံရသော ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသော မိန်းကလေးမှာ အသက် ၁၄ နှစ်အရွယ် မငယ်ငယ်လေး ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၆ ရက် မွန်းလွဲပိုင်းက အတူနေထိုင်သူ အဘွားကို ရေတံခွန်သို့သွားမည်ဟု ပြောဆိုကာ အိမ်မှထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် မိန်းကလေးငယ်ကို ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ စိတ္တသုခလမ်းရှိ တောစပ်တစ်နေရာတွင် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသော ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

“ကောင်မလေးက ကျောင်းမတက်တော့တာ ၂ လလောက်ရှိပြီ။ ရည်းစားလည်းရှိနေတယ်။ စပျောက်တဲ့နေ့က ဆိုင်ကယ်သမားတစ်ယောက်နောက်ကနေ ပါသွားတာ”ဟု မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိန်းကလေးငယ် အသတ်ခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး မိန်းကလေး၏ ချစ်သူကိုလည်း စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *