October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျွန်းတောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော်တစ်ပါးသည် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း SAC သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဖာပွန်မြို့နယ်၊ ကျွန်းတောကျေးရွာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော်ဘဒ္ဒန္တတေစန္တိယသည် အောက်တိုဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရေပူကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ရာ ရေပူကျေးရွာ၏ အနောက်ဘက် မီတာ ၄၅၀ ခန့်အကွာသို့အရောက် အကြမ်းဖက်သမားများ ထောင်ထားသည့် ဒေသန္တရလက်လုပ်တိုက်မိုင်းကြိုးအား တိုက်မိ၍ ပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ဆရာတော်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကမမောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း၊ အကြမ်းဖက်သမားများသည် အများပြည်သူ ဆက်သွယ်အသုံးပြုလျက်ရှိသည့် လမ်းကြောင်းများတွင် ယခုကဲ့သို့ မိုင်းထောင်မှုများကြောင့် ခရီးသွားလာရေးတွင် အခက်အခဲများဖြစ်ပေါ်စေသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *