October 10, 2024

MT News
၁၀. ၁၀. ၂၀၂၄

ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းတွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၃ ရက်တို့၌ သီရိလင်္ကာအသင်းဖြင့် ယှဉ်ပြိုင်ကစားမည့် နိုင်ငံတကာ ခြေစမ်းပွဲနှစ်ပွဲအနက် ပထမပွဲတွင် မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် သီရိလင်္ကာ လက်ရွေးစင် အသင်းတို့၏ FIFA international “A” friendly matches ခြေစမ်းပွဲစဉ်နှစ်ပွဲကို အောက်တိုဘာ ၁၀ ရက်နှင့် အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီတွင် ယှဥ်ပြိုင်ရန် စီစဥ်ခဲ့ပြီး ယနေ့ ပထမပွဲတွင် မြန်မာအသင်းက ဦးမျိုးလှိုင်ဝင်း၏ ဦးဆောင်မှုအောက် ပြည့်ဖြိုးသူ၊ ဟိန်းဖြိုးဝင်း၊ သက်ဟိနးစိုး၊ နန္ဒကျော်၊ စိုးမိုးကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ သန်းပိုင်၊ မောင်မောင်လွင်၊ ဟိန်းထက်အောင်၊ ဇော်ဝင်းသိန်းတို့ဖြင့် ပွဲထွက်ကာ ပထမပိုင်း ပွဲချိန် ၁၅ မိနစ်တွင် ပထမဦးဆောင်ဂိုးကို လွင်မိုးအောင်က သွင်းယူပေးခဲ့သည်။

ထို့နောက် ပွဲကစားချိန် ၅၂ မိနစ်တွင် အသင်းခေါင်းဆောင်မောင်မောင်လွင်က ဖရီးကစ်မှတစ်ဆင့် မြန်မာအသင်းအတွက် ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်းက သီရိလင်္ကာအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *