October 10, 2024

၁၀ . ၁၀. ၂၀၂၄
Written by Nay Moe

AA ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ချင်းလက်နက်ကိုင်အင်အားစုတွေကို ထောက်ပံ့ကူညီနေတယ် စွပ်စွဲချက်နဲ့ ချင်းပြည်သူ ၃၀ နီးပါးကို ရခိုင်အကြမ်းဖက်အဖွဲ့အစည်း ULA/AA က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC က ပြုစုထားတဲ့ စာရင်းတွေအရ သိရတယ်ဆိုပြီး ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ ခိုနူမ်းသုန်သတင်းဌာနက ဒီနေ့မှာ ဖော်ပြလာပါတယ်။

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း ပလက်ဝမြို့နယ်မှာ ULA/AA က ချင်းပြည်သူ ၂၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှာ ၅ ဦးကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အသက် ၄၀ ခန့်အရွယ် အမျိုးသမီး ၁ ဦးအပါအဝင် ၁၅ ဦးကျော် ကျန်ရှိနေသေးတယ်လို့လည်း IKACC ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပလက်ဝမြို့နယ်က ဒေသခံပြည်သူ ၁၃ ဦးကို ချင်းလက်နက်ကိုင်တွေ ထောက်ပံ့တဲ့စွပ်စွဲချက်နဲ့ ထပ်မံဖမ်းဆီးခဲ့သလို အဲဒီဖမ်းဆီးခံရသူထဲ CDF- ပလက်ဝရဲ့ ဒုတိယစခန်းမှူးလည်းပါဝင်ပါတယ်။

ဖမ်းဆီးခံထားရသူတွေက ပလက်ဝမြို့နယ် မီးဇာရွာ၊ ချင်းထောက်ရွာ၊ ပြင်ဝရွာအပါအဝင် ကျေးရွာ ၈ ခန့်က ချင်းဒေသခံ ပြည်သူတွေဖြစ်သလို Global Khumi Organization (GKO) အဖွဲ့က ထုတ်ပြန်ရာမှာလည်း စက်တင်ဘာလအတွင်း ULA/AA ဟာ CDF – ပလက်ဝကို ထောက်ပံ့တယ်ဆိုပြီး ကျေးရွာ ၄ ရွာက ပြည်သူအနည်းဆုံး ၁၄ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ စက်တင်ဘာလ ၃၀ ရက်က ထုတ်ပြန်ခဲ့ပါသေးတယ်။ ဖမ်းဆီးခံရတဲ့အထဲ စက်တင်ဘာ ၁၇ ရက်မှာ င/ရှားကျေးရွာက ဦးလင်းဝိုက်၊ ဦးထိန်လင်း၊ ဦးအောင်မ၊ ဦးပန်မြတ်ထိုက်နဲ့ ဦးယက်ရယ်၊ ချင်းဒေါက်ကျေးရွာက ဦးနန်းဘဲ၊ ဦးကျော်လှအောင်တို့အပြင် ကုန်းတော်အုပ်စု၊ ရေချမ်းသာကျေးရွာက ၃ ဦးနဲ့ စက်တင်ဘာ ၂၅ ရက်မှာ အောက်ဘလိုင်ကျေးရွာက ဦးစွန်းအောင်၊ ဦးခင်ကျော်၊ ဦးကာပန်၊ ဦးဟွေ့ကိုတို့အပြင် ပလက်ဝမြို့ပေါ် ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နဲ့ ဒေသခံပြည်သူ ၂ ဦးကိုလည်း စက်တင်ဘာ ၂၉ ရက်မှာ ULA/AA က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ပလက်ဝမြို့ပေါ်နဲ့ ကျေးရွာတွေက ဒေသခံတွေကို AA က ဖမ်းဆီးထိန်းသိမ်းမှု ပိုမိုပြုလုပ်လာတာကြောင့် စက်တင်ဘာလအတွင်းမှာ ဒေသခံတချို့ မိသားစုလိုက် မီဇိုရမ်ဘက် ထပ်မံထွက်ပြေးလာနေကြသလို AA ဟာ ပလက်ဝမှာ ကျောင်းသူပါမချန် မုဒိမ်းကျင့်နေသလို ရိုက်နှက်သတ်ဖြတ်မှုတွေ လုယက်မှုတွေ မူးယစ်ဆေးဖြန့်မှုတွေနဲ့ အဓမ္မစစ်သားစုဆောင်းမှုတွေ ကျုးလွန်နေတယ်လို့လည်း GKO က ပြောထားပါသေးတယ်။

Ref & Photo , Khonumthung Burmese

Leave a Reply

Your email address will not be published. Required fields are marked *