October 10, 2024

ပုံစာ။ လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်းအချို့။

၁၀.၁၀. ၂၀၂၄
Written by Nay Moe

တပ်ကို သတင်းပေးတာကြောင့် ဒလန်လို့စွပ်စွဲ ဖမ်းဆီးထားသူ ၂၀ ကျော်ကို လတ်တလောမှာ သေဒဏ်မပေးသေးဘဲ ဖမ်းဆီးထားတယ်လို့ တရုတ်ကိုးကန့် MNDAA လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ Larshio Revonstruction မှာ ဒီနေ့ ဖော်ပြလာပါတယ်။

တရားလက်လွတ် သေဒဏ်ပေးတဲ့ တရုတ်ကိုးကန့်လက်နက်ကိုင် MNDAA ဟာ ဒီလိုမျိုး လူပုံအလယ်မှာ သေဒဏ်ပေးမှုတွေကြောင့် နိုင်ငံတကာက ရှုတ်ချကန့်ကွက်ခံနေရတဲ့ အကြမ်းဖက်လက်နက်ကိုင်ဖြစ်သလို ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်လောက်ခံရပြီး MNDAA လက်နက်ကိုင် ရာချီသေတယ်လို့ သတင်းတွေထွက်ခဲ့သလို ပြည်သူတချို့ကို သတင်းပေးစွပ်စွဲဖမ်းဆီးတဲ့အပြင် တပ်ဆင်ထားတဲ့ ဂြိုဟ်တုအင်တာနက်လိုင်းတွေကိုပါ ပိတ်သိမ်းမှုပြုတဲ့အပြင် သတင်းပေးမှုနဲ့ ဖမ်းဆီးထားတဲ့ လူ ၃၀ ကျော်ကိုပါ သတ်ဖြတ်ဖို့ စီစဥ်ခဲ့တာပါ။

ဒီလိုမျိုး သတင်းပေးမှုကြောင့် လူပုံအလယ်မှာ သေဒဏ်ပေးမယ်လို့ သတင်းထွက်ပေါ်မှုတွေနဲ့ ပတ်သက်လို့ Larshio Revonstruction က ဖော်ပြရာမှာ MNDAA တရုတ်ကိုးကန့်တာဝန်ရှိသူတစ်ယောက်နဲ့ အမေးအဖြေပြုလုပ်ဖော်ပြထားတာမြင်ရပြီး ဒီအမေးအဖြေမှာ “သတင်းပေးမှုနဲ့ ဖမ်းဆီးထားသူ ၂၀ ကျော်ရှိကြောင်း၊ တပ်က လေကြောင်းတိုက်ခိုက်မှု စတင်အပြီးမှာ ဖမ်းခဲ့တာဖြစ်ကြောင်း၊ တပ်သတင်းပေးဒလန်လို့ လားရှိုးနေသူတွေက သတင်းပေးတာဖြစ်ကြောင်း၊ သတင်းပေးလို့ဖမ်းဆီးပြီးရင် စစ်ဆေးလို့အပြစ်မရှိရင် ပြန်လွှတ်ပေးကြောင်း၊ လတ်တလောမှာ ဒီလူ ၂၀ ကျော်ကို သေဒဏ်မပေးသေးဘဲ ဖမ်းဆီးထားဆဲသာဖြစ်ကြောင်း” ဖြေကြားထားတာလည်း ဖော်ပြထားပါတယ်။

လားရှိုးမြို့ဟာ ဇွန်လ ၂၅ ရက်ကစတင်တဲ့ ၁၀၂၇ အပိုင်း (၂) မှာ အသိမ်းခံထားရတဲ့မြို့ဖြစ်ပြီး MNDAA သိမ်းဖို့လုပ်စဥ်ကလည်း မြို့ပြင်ကနေ ရှော့တိုက်ဒုံးတွေ ဒရုန်းတွေနဲ့ပစ်တာ၊ လားရှိုးထောင်ဖောက်တာကြောင့် လူ ၅၀၀ ထက်မနည်းသေခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ အခုအောက်တိုဘာ လဆန်းမှာလည်း MNDAA လက်နက်ကိုင်တွေ တပ်စခန်းချနေတဲ့ ကျောင်းတွေ၊ အစိုးရရုံးတွေ၊ ဟိုတယ်တွေ၊ ဂေါက်ကွင်းတွေ၊ မြို့မစျေးနဲ့ သတင်းရရှိရာနေရာတွေကို ၁၃ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရသလို MNDAA အတည်ပြုမှုအရ လူ ၄၀ ဝန်းကျင်သေဆုံးပြီး လူ ၁၀၀ ဝန်းကျင်ဒဏ်ရာရသလို အဆောက်အအုံများစွာလည်း ပျက်စီးခဲ့ရတဲ့ တိုက်ပွဲဖြစ်ပွားနေဆဲမြို့ဖြစ်ပါတယ်။ ဒီလို တိုက်ပွဲဖြစ်ဆဲမြို့တွေကို တုံ့ပြန်တိုက်ခိုက်တော့မှာမို့လို့ အကြမ်းဖက်အဖွဲ့တွေနဲ့ ယှဥ်တွဲမနေဖို့လည်း SAC က သတိပေးထားပြီးမှ လေကြောင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ပုံစာ။ လားရှိုးမြို့ လေကြောင်းတိုက်ခိုက်ခံရမှုမြင်ကွင်းအချို့။

Leave a Reply

Your email address will not be published. Required fields are marked *