October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Nay Moe

ရန်ကုန်မှာ မကြာခဏ ဆန္ဒပြနေသူတွေကို ခေါင်းဆောင်နေတဲ့ AJAY က ဦးဆောင်သူတစ်ဦး ဖမ်းမိတယ်လို့ မနေ့က ဖမ်းမိလိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က မနေ့က အောက်တိုဘာလ ၉ ရက်နေ့မှာ ဧည့်စာရင်းစစ်ရင်း ဝင်ရောက် ရှာဖွေစစ်ဆေးတာကြောင့် Anti-Junta Alliance Yangon – AJAY ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးမင်း(ခ) ဒီရေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ပိုင်ဖြိုးမင်း(ခ) ဒီရေဟာ လူထုသပိတ်လှုပ်ရှားမှုတွေမှာ စဥ်ဆက်မပြတ် ဦးဆောင်ပါဝင်ခဲ့သူဖြစ်တယ်လို့ AJAY က ဝန်ခံထားပါတယ်။

ရန်ကုန်မြို့တွင်းမှာ PDF တွေဘက်က ဆန္ဒပြမှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်လာကြသလို တန်ပြန်စစ်ဆေးဖမ်းဆီးမှုတွေလည်း အရင်ထက်ပို ဆောင်ရွက်နေတယ်လို့လည်း AJAY က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်ကလည်း ရန်ကုန်မြို့မှာ ကုန်စျေးနှုန်းကျဆင်းရေးနဲ့ စစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ကြွေးကြော်ပြီး လူငယ် ၁၅ ဦးခန့်နဲ့ လူထုသပိတ်ပြုလုပ်ခဲ့အပြီးမှာ ဦးဆောင်သူတွေဖြစ်တဲ့ တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက် ဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ အောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မြမဉ္စူနဲ့ နိုင်ငံရေးအကျဥ်းသူဟောင်း နှင်းအိခိုင်တို့ လေးဦးကို ဖမ်းမိသွားခဲ့တယ်လို့လည်း တကသကျောင်းသားဟောင်းများ အင်အားစုက ထုတ်ပြန် အတည်ပြုမှုအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *