October 10, 2024

၁၀.၁၀.၂၀၂၄
Written By Thandar

Lucky 10 ရုပ်ရှင်ထုတ်လုပ်ရေးက ကိုယောစီစဉ်တဲ့ အိမ်ထောင်ရေးဒရာမာဇာတ်လမ်းပုံစံ “လောကဓံ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့မှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အိမ်တော်ရာဘုရားမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်တို့က ဘဝအနိမ့်အမြင့် လောကဓံတွေ ဖြတ်ကျော်ရမှာပါ။ ကာရိုက်တာကလည်း တော်တော်လေးကို ကောင်းတယ်။ မိုက်ခဲဆိုတဲ့ ခပ်ဆိုးဆိုးပုံစံလေးနဲ့ ကျွန်တော်က ပါဝင်ထားတာပါ။ ဂိုဏ်းစတားတွေနဲ့ ခပ်ကြမ်းကြမ်းဇာတ်ဝင်ခန်းတွေလည်း ပါတယ်။ သူငယ်ချင်းအချင်းချင်း ချစ်ခင်စည်းလုံးကြတယ်ဆိုတာ၊ ပျားအုံကို တုတ်နဲ့ထိုးသလိုဖြစ်တာလေတွေလည်း ပါပါတယ်။ လူငယ်တွေကြိုးစားချင်အောင် ရသပေးတာလေး တွေပါ ပါတယ်”လို့ သရုပ်ဆောင် ကျော်ထက်အောင်ကပြောပါတယ်။

ဇာတ်ညွှန်းမိုးစက်ဝိုင်၊ D.O.P မင်းမင်းကျော်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ စိုးမိုးမင်းက ရိုက်ကူးပြီး သရုပ်ဆောင်တွေဖြစ်တဲ့ ကျော်ထက်အောင်၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ ဟိန်းသီဟ၊ ပိုင်အုပ်စိုးအောင်၊ အထူးဧည့်သည်သရုပ်ဆောင် နေမျိုးအောင်၊ ရွှေသမီး၊ မေဂရေ့စ်၊ ပန်ဆုဟေသီ၊ ရှင်ပြုံးခင်၊ ကျော်ဇင်ထွဋ်၊ မင်းရဲစည်သူနဲ့ အနုပညာရှင်များစွာ ပါဝင်ကြမှာဖြစ်ပါတယ်။

“Lucky 10 ရဲ့ ဒုတိယမြောက်ဇာတ်ကားပါ။ ကိုကျော်ထက်အောင်ရယ်၊ ရှင်မွေလ၊ ဘုန်းမင်းနေလ၊ ဟိန်းသီဟရယ်ပေါ့။ လောကဓံဆိုတဲ့အတိုင်း ဘဝအနိမ့်အမြင့်အတက်အကျတွေ အကြောင်းအရာတစ်ခုပေါ့။ အဓိက ရပ်ကွက်ထဲက လူငယ်တွေရဲ့ ပျော်စရာကောင်းတဲ့ အရာလေးကိုမှ လောကဓံရဲ့ ရိုက်ခတ်မှုလေးတွေပါ ပါတယ်။ ဒီဇာတ်ကားက အိမ်ထောင်ရေးရယ် ဒရာမာလေးပါပါတယ်။ လောကဓံဆိုတဲ့အတိုင်း လူတွေရဲ့ ဘဝအနိမ့်အ မြင့်တွေမှာ မထင်မှတ်တဲ့ လောကဓံလှိုင်းလေးတစ်ခုကြောင့် လှုပ်ခတ်သွားတာတွေပါမှာပါ” လို ဒါရိုက်တာ စိုးမိုးမင်းက ပြောပါတယ်။

#ကျော်ထက်အောင် #ရှင်မွေလ

#စိုးမိုးမင်း #ဘုန်းမင်းနေလ

#လောကဓံ #ရုပ်ရှင်ဇာတ်ကားကြီး

#Lucky10Production

Leave a Reply

Your email address will not be published. Required fields are marked *