October 10, 2024

၁၀.၁၀.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်၊ လှော်ကားလမ်း၊ နှစ်ကျိပ်ရှစ်ဆူဘုရားအနီးတွင် အောက်တိုဘာ ၉ ရက် ည ၈ နာရီခွဲခန့်က ရပ်ထားသော ၂၂ ဘီးယာဥ်ကို ကျော်တက်လာသော မော်တော်ယာဥ်တစ်စီးက အခြားမော်တော်ယာဥ်တစ်စီးကို မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ကားခေါင်းအတွင်းညပ်နေသဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ထောက်ကြန့်မှ ရွှေပြည်သာဘက်သို့ မောင်းနှင်လာသော HYUN DAI အမျိုးအစား အဖြူရောင် မော်တော်ယာဥ်မှာ ၂၂ ဘီးကားကို ကျော်တက်မောင်းနှင်စဥ် ရွှေပြည်သာဘက်မှ ထောက်ကြန့်ဘက်သို့ မောင်းနှင်လာသော DONG FENG အမျိုးအစား အဖြူရောင်မော်တော်ယာဥ်ကို မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်း ဖြစ်သည်။

ယာဥ်တိုက်မှုကြောင့် DONG FENG မော်တော်ယာဥ်မောင်း အသက် ၃၀ အရွယ်အမျိုးသားမှာ ကားခေါင်းအတွင်း ညပ်နေသဖြင့် မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၄ ဦးတို့က မိနစ် ၃၀ ကြာ ဝိုင်းဝန်းကယ်ထုတ်ခဲ့ကြရပြီး ဘယ်ဘက်ဒူးနှင့်ခြေသလုံးပွန်းပဲ့ဒဏ်ရာရရှိခဲ့သော ယာဥ်မောင်းကို တက်နေထွန်း လူနာတင်ယာဥ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *