October 10, 2024

၁၀. ၁၀. ၂၀၂၄
Written by Nyein Kyaw

Jumbo ခြင်ဆေးခွေနှင့် Golden Frog Mosquito 700 WP အပါအဝင် ပိုးသတ်ဆေး ၂၃ မျိုးအား မှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ယနေ့တွင် အသိပေး ကြေညာထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်တွင် ကျင်းပခဲ့သော (၄၃) ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ၆ လအထက် မှတ်ပုံတင်သက်တမ်းကျော်လွန်ပြီး သက်တမ်းတိုးရန် ပျက်ကွက်သည့် ပိုးသတ်ဆေး ၁၁ မျိုးအား မှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေးစာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ပိုးသတ်ဆေး ၁၁ မျိုးမှာ Chao Xin ၊ K-Nofos 72 EC ၊ Piperonyl Butoxide ၊ Golden Frog Mosquito 700 WP ၊ Erapizole ၊ Agro Sulf Frey 50 SC ၊ Halocide 5 SC ၊ RDF Granary ၊ Pancozole 25% WDG ၊ VANIDA PACLO တို့ဖြစ်သည်။ အဆိုပါ ပိုးသတ်ဆေးများအား ဖြန့်ဖြူးသူ ကုမ္ပဏီနာမည်များကိုလည်း ပူးတွဲဖော်ပြပေးထားသည်။

အလားတူ ကုမ္ပဏီများမှ မှတ်ပုံတင်ဖျက်သိမ်းလိုကြောင်း တင်ပြလာသည့် ပိုးသတ်ဆေး ၁၂ မျိုးအား မှတ်ပုံတင်ခွင့်ပြုထားသည့် ပိုးသတ်ဆေးစာရင်းမှ ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားပြီး အဆိုပါ ပိုးသတ်ဆေးများမှာ Byter Spy ၊ Trounce 40% EC ၊ Program ၊ Poe Special ၊ Jumbo Mosq. Coil ၊ Jumbo 1 Mosquito Coil ၊ Shwe Taung Thu Star-1 25 SL ၊ Hmoe Weik Sar ၊ Gold Medal ၊ Hmoe Doctor ၊ Myay Bayin ၊ Super 10 G တို့ဖြစ်သည်။ အဆိုပါ ပိုးသတ်ဆေးများအား ဖြန့်ဖြူးသူ ကုမ္ပဏီနာမည်များကိုလည်း ပူးတွဲဖော်ပြပေးထားသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေဖြင့် အရည်အသွေးကောင်းမွန်သောပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲနိုင်ရန်အတွက် အစည်းအဝေးများ ပုံမှန်ပြုလုပ်၍ မှတ်ပုံတင်ခွင့်ပြုပေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းနှင့် မညီသော ပိုးသတ်ဆေးများကို ပယ်ဖျက်ခြင်း စသည့်စိစစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်ပြီး (၄၂) ကြိမ်မြောက် အစည်းအဝေးအထိ ပိုးသတ်ဆေးစုစုပေါင်း ၄,၂၃၇ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *