October 10, 2024

MT News
၁၀.၁၀.၂၀၂၄

ပြန်တမ်းဝင်အရာရှိ လစ်လပ် ၃၇၅ နေရာအတွက် ဆရာဝန်များ လျှောက်ထားနိုင်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့က အသိပေးထားသည်။

အဆိုပါခေါ်ယူမှုကို ကြော်ငြာစာအမှတ်၊ (၂/၂၀၂၄)ဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူး ဆရာဝန်/ အလုပ်ရုံခွဲမှူး/ ဆရာဝန် (သစ်လွင်)/ ဆရာဝန်(သွားနှင့်ခံတွင်း)/ ဆရာဝန်(သွားနှင့်ခံတွင်း)(သရုပ်ပြ)/ ဦးစီးအရာရှိ [အစားအသောက်/ ဆေးဝါး/ဓာတ်ခွဲ)]/ တာဝန်ခံဆရာဝန်ရာထူး (၃၇၅)နေရာတို့အတွက် ခေါ်ယူခြင်းဖြစ်ပြီး ယနေ့ အောက်တိုဘာ ၁၀ ရက်ထုတ် မြန်မာ့အလင်း၊ ကြေးမုံနှင့် မြဝတီသတင်းစာတို့၌ ကြော်ငြာခေါ်ယူထားသည်။

ကြော်ငြာပါရာထူးအတွက် လျှောက်ထားရာတွင် လူကိုယ်တိုင် (သို့မဟုတ်) စာတိုက်မှတစ်ဆင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော်သို့လည်းကောင်း၊ Online ဖြင့် လျှောက်ထားမည်ဆိုပါက e-Recruitment and Selection System [ UCSB e-RSS Mobile Application ကို Google Play Store ၊ Apple Store တို့မှ Download ရယူ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာပိတ်ရက် ၁ဝ-၁၁-၂ဝ၂၄ ရက်နေ့ထက် ကျော်လွန်လျှောက်ထားလာသည့် လျှောက်လွှာများကို System မှ အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်သည်။

ရွေးချယ်ခြင်းခံရသူများကို နိုင်ငံ့ဝန်ထမ်းသစ်များအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြထားပြီး Online မှ လျှောက်ထားသူများအနေဖြင့် စနစ်အတွင်းသို့ဝင်ရောက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ဖြစ်သည့် User Guide နှင့် အသုံးပြုခြင်းဆိုင်ရာ အချက်အလက်တို့ကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ Website ဖြစ်သည့် www.ucsb.gov.mm နှင့် Myanmar National Web Portal ဖြစ်သော www.myanmar.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး အခြားစုံစမ်းမေးမြန်းလိုချက်ရှိပါက ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၉၀၅၂၊ ၀၆၇-၃၄၀၉၄၃၀၊ ၀၉-၄၂၄၄၀၈၉၅၄၊ ၀၉-၄၂၀၇၀၆၆၀၅၊ ၀၉-၇၉၇၇၂၇၆၉၆၊ ၀၉-၄၄၁၉၃၇၃၄၃၊ ၀၉-၂၆၂၅၀၂၉၈၈) သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *