October 9, 2024

၉.၁၀. ၂၀၂၄
Written by Shwe Phyo

လက်ရှိအချိန်သည် မြန်မာအစိုးရအတွက် နိုင်ငံ့အရေးအငြင်းပွားမှုများကို ဆွေးနွေးဖြေရှင်းနိုင်ရန် အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမည့်အချိန်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ကထုတ်ဖော်ပြောဆိုလိုက်သည်။

မလေးရှားနိုင်ငံသည် လာအိုနိုင်ငံတွင် လက်ရှိကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကိုလွှဲပြောင်းရယူသွားမည်ဖြစ်သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်ရှိနေတဲ့အတွက် အာဆီယံကြေညာစာတမ်းကို လိုက်နာဆောင်ရွက်ရမယ်။မြန်မာနိုင်ငံဟာ အာဆီယံရဲ့တိုက်တွန်းတောင်းဆိုချက်တွေကိုနားထောင်ရမယ်” ဟုပြောသည်။

မြန်မာအစိုးရသည် အာဆီယံထိပ်သီးအစည်းအဝေးကို ၃ နှစ်ကြာပြီးမှ နိုင်ငံရေးနှင့်မပတ်သက်သော ကိုယ်စား လှယ်ကို ပထမဆုံးအကြိမ် ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးသည် အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးအောင်ကျော်မိုးသည် အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာချိန်အတွင်း မြန်မာအစိုးက နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်ရန် ကြိုးပမ်းမှုများကို နားလည်ပေးစေလိုကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းတောင်းဆိုခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိ သူတစ်ဦးက ပြန်လည်ရှင်းပြခဲ့သည်။

REF , thejakartapost

Leave a Reply

Your email address will not be published. Required fields are marked *