October 9, 2024

၉.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အစ္စရေးတို့က လက်ဘနွန်နိုင်ငံအတွင်းတိုက်ခိုက်မှုတွေရပ်တန့်ပြီး အပစ်အခတ်ရပ်စဲဖို့အတွက် ဟစ်ဇ်ဘိုလာအုပ်စုအနေနဲ့ လက်နက်ချကာ လီတာနီမြစ်မြောက်ဘက်သို့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့များပြန်ဆုတ်ပေးရေး တောင်းဆိုခဲ့တယ်လို့ အယ်လ်အာရေဗျ သတင်းဌာနက အောက်တိုဘာ ၉ ရက်မှာ ထုတ်လွှင့်သွားခဲ့ပါတယ်။

လက်ဘနွန်တောင်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို အပစ်အခတ်ရပ်စဲဖို့ ကြိုတင်သတ်မှတ်ချက်အနေနဲ့ အစ္စရေးဘက်က အခုလိုတောင်းဆိုခဲ့ခြင်းဖြစ်တယ်လို့ အယ်လ် အာရေဗျ ရုပ်မြင်သံကြား အသံလွှင့်သတင်းဌာနက ပြင်သစ်သံတမန်အရင်းအမြစ်တွေက ရရှိတဲ့သတင်းတွေကို ကိုးကားပြီး ပြောခဲ့တာလည်းဖြစ်ပါတယ်။

အစ္စရေးတို့က စက်တင်ဘာလ ၂၃ ရက်မှာ Northern Arrows အမည်ရတဲ့ စစ်ဆင်ရေးကိုစတင်ခဲ့ပြီး လက်ဘနွန်နိုင်ငံအတွင်းရှိ အီရန်လိုလားတဲ့ ဟစ်ဇ်ဘိုလာ အုပ်စုကို စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတို့ရဲ့ မြေပြင်ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာ ၂၇ ရက်မှာဆိုရင် ဟစ်ဇ်ဘိုလာတို့ရဲ့ ခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာလာက အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ရပ်ကြောင့် ဘေရွတ်မြို့မှာကျဆုံးခဲ့ပါတယ်။ အခြား ဟစ်ဇ်ဘိုလာခေါင်းဆောင်အများအပြားလည်း အစ္စရေးတို့ရဲ့စစ်ဆင်ရေးအတွင်းသေဆုံးခဲ့ရပါတယ်။

Ref- Tass

.

Leave a Reply

Your email address will not be published. Required fields are marked *