October 9, 2024

၉.၁၀.၂၀၂၄
Written by K Pyay Thein

ရန်ကုန်အခြေပြုအ‌‌ဝေးပြေးယာဥ်လိုင်းတွေကို နေ့စဥ်ပြေးဆွဲပေးနေပြီး ခရီးသွားလာသူက ပုံမှန်အားဖြင့် လူဦးရေ ကိုးထောင်နဲ့ တစ်သောင်း၀န်းကျင်ခန့်ရှိနေတယ်လို့ ရန်ကုန်တိုင်း​ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့​ဆောင်​ရေးကြီးကြပ်မှု​ကော်မတီ(Yangon Region Public Transport Committee -YRTC)မှ သိရပါတယ်။

YRTC နောက်ဆုံးထုတ်ပြန်ထားတဲ့ အောင်တိုဘာလ ၅ ရက်နေ့စာရင်းအရ အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၁၂ လိုင်းက ယာဉ်စီးရေ ၇ဝ၄ စီး ပြေးဆွဲပေးခဲ့ပြီး ခရီးသည်ဦးရေ ၉၇၃၅ ဦး ၀င်၊ ထွက်သွားလာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် YRTC က ထုတ်ပြန်ထားတဲ့ အဝေးပြေးသွားလာမှုပိုင်းဆိုင်ရာ နောက်ဆုံးနှစ်ရက်တာစာရင်းအရ အောက်တိုဘာ ၄ ရက်နေ့မှာ ရန်ကုန်က အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၁၂ လိုင်း၊ ယာဉ်စီးရေ ‌၆၉၂ စီး၊ ခရီးသည်ဦးရေ ၉၂၇၆ ဦးနဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ရန်ကုန်တိုင်းအတွင်းက အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၂၁၈ လိုင်း၊ ယာဉ်စီးရေ ၆၈၂ စီးနဲ့ ခရီးသည်ဦး‌‌ရေ ၉၇၈ဝ ဦး ထွက်ခွာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

“ဟိုတလောက ရေဘေးဖြစ်တုန်းကတော့ ခရီးသွား နည်းနည်းကျသွားတယ်။ အခုက သူ့ဟာလေးနဲ့သူ ခရီးသွားတွေ ပုံမှန်ပြန်ရှိလာပါတယ်။ အပန်းဖြေခရီး၊ အပျော်ခရီးသွားတဲ့သူ‌‌တွေထက် ရုံးကိစ္စ၊ အလုပ်ကိစ္စသွားတဲ့သူများပါတယ်။ ကားမှတ်‌တွေကလည်း သူ့ဟာနဲ့သူ ရောင်းရပါတယ်”လို့ ရန်ကုန်မြို့ရှိ ခရီးသွားလုပ်ငန်းအေဂျင်စီ လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

Photo – CJ

#အဝေးပြေးယာဉ်လိုင်း #ခရီးသွားလုပ်ငန်း #ခရီးသွားပြည်သူ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *