October 9, 2024

၉.၁၀. ၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအနေနဲ့ အီရန်နိုင်ငံကို လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်ရန် အစီအစဉ် တစ်စုံတစ်ရာရှိ မရှိ အောက်တိုဘာလ ၉ ရက်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟုနဲ့ ဖုန်းဖြင့်စကားပြောစဉ် မေးမြန်းသွားမယ်လို့ ယူဆရတယ်လို့ အမေရိကန်သတင်းဝက်ဘ်ဆိုတ်တစ်ခုဖြစ်တဲ့ Axios က အမေရိကန်အစိုးရအရာရှိသုံးဦးရဲ့ပြောကြားချက်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အမေရိကန်အရာရှိတစ်ဦးကတော့ ဒီဖုန်းဆက်စကားပြောမှုမှာ အစ္စရေးရဲ့ လက်တုံ့ပြန်လိုမှုကို အကန့်အသတ်နဲ့ဖြစ်စေအောင် အမေရိကန်အစိုးရအနေနဲ့ ကြိုးစားသွားလိုတယ်လို့ ပြောခဲ့တယ်လည်း ဆိုပါတယ်။ အမေရိကန်အရာရှိက အမေရိကန်အစိုးရအနေနဲ့ အချိုးအစားမမျှတဘူးလို့ သိသာတဲ့ အီရန်နိုင်ငံအတွင်းက ပစ်မှတ်တွေကို အစ္စရေးကတိုက်ခိုက်သွားမယ်ဆိုတာ သေချာလား သိချင်နေတယ်လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

The Wall Street ဂျာနယ်ကလည်း ဂျိုးဘိုင်ဒန်ရဲ့အမေရိကန်အစိုးရအနေနဲ့ အစ္စရေးအစိုးရက အီရန်ရဲ့ အစ္စရေးနိုင်ငံသို့ ဒုံးကျည်တိုက်ခိုက်မှုကို လက်တုံ့ပြန်ရန် အစီအစဉ်ရှိမရှိ ပြောဖို့ငြင်းပယ်ခဲ့တဲ့အတွက် များစွာမချင့်မရဲ ဖြစ်ခဲ့ရတယ်လို့လည်း သတင်းဖော်ပြခဲ့ပါတယ်။

အစ္စရေးအစိုးရအနေနဲ့ အမေရိကန်အစိုးရကို တိုင်ပင်ညှိနှိုင်းမှုမပြုဘဲ စက်တင်ဘာလအတွင်းက ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟတ်ဆန် နာ့စ်ရာမာကို လုပ်ကြံခဲ့တာကလည်း အမေရိကန်အစိုးရကို အံ့အားသင့်စေခဲ့တယ်လို့ အမည်မဖော်ပြတဲ့အမေရိကန်အရာရှိတွေက ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စအတွက် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယို့ဗ်ဂယ်လန့်နဲ့ နောက်ပိုင်း ဖုန်းဆက်စကားပြောတော့မှ ပြောခဲ့တယ်လို့ဆိုပါတယ်။

အမေရိကန်အစိုးရအနေနဲ့ စစ်ပွဲအပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုရဲ့ ကိုင်တွယ်မှုတွေကို မချင့်မရဲဖြစ်ရမှုတွေ တိုးလာခဲ့တာနဲ့အတူ ဂျိုးဘိုင်ဒန်နဲ့ နေတန်ရာဟုအကြား ဆက်သွယ်မှုမပြုခဲ့ကြတာ ရက် ၅၀ နီးပါးရှိပါပြီ။ အမေရိကန်အစိုးရအနေနဲ့ စစ်ပွဲက အဆုံးသတ်နိုင်ဖို့ မဟာဗျူဟာမြောက်ဆောင်ရွက်မှု အားနည်းတယ်လို့ ရှုမြင်နေကြပါတယ်။

Ref- The Times of Israel

Leave a Reply

Your email address will not be published. Required fields are marked *