October 9, 2024

၉.၁ဝ‌.၂၀၂၄
Written by K Pyay Thein

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်အတွင်းမှာ PDF ၃ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက သိရပါတယ်။

အကြမ်းဖက်မှုကို မလိုလားတဲ့ ပြည်သူတွေ သတင်းပေးပို့ချက်အရ မြို့လှမြို့၊ ရွာဒေါင်းရွာအနီးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြိုတင်စောင့်ဆိုင်းနေချိန် ဆိုင်ကယ် ၃ စီးနဲ့ စီးနင်းလာတဲ့ PDF ၅ ဦးအနက် ၃ ဦးကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်း‌ဆီးရမိတဲ့ PDF ၃ ဦးထံက ကျည်ဆံမျိုးစုံ ၁၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်အိမ် ၃ ခု၊ စကား‌‌ပြောစက်အိုင်ကွန် ၄ လုံးနဲ့ ဒရုန်းဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထွက်ပြေးလွတ်မြောက်သွားတဲ့ PDF ၂ ဦးကိုလည်း သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးရမိရေး ဆောင် ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“ဟိုးတလောကလည်း ရေဘေးဖြစ်နေတဲ့အချိန် ပဲခူးတိုင်း၊ ဖြူးဘက်က ဂိတ်တစ်ခုကို PDF တွေက လူနာတင်ကားနဲ့လာပစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက် ဒဏ်ရာရသွားတယ်လို့ သိရတယ်။ အဲ့ဒီတုန်းက မြို့အဝင်၊ အထွက်တွေကို သက်ဆိုင်ရာက ပိတ်လိုက်လို့ ရေဘေးကူညီဖို့လာတဲ့ကားတွေ မြို့ထဲဝင်ဖို့ အချိန်အတော်လေးစောင့်လိုက်ရတယ်။ ဖြူး၊ ရေတာရှည်နဲ့ တောင်ငူဘက်တွေမှာ PDF တွေက စိမ့်ဝင်နေတယ်လို့ ထင်ပါတယ်”လို့ လုံခြုံရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။

#ရေတာရှည် #ပဲခူးတိုင်း #PDF #ဖမ်းမိ #MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *