၉.၁၀.၂၀၂၄
Written By Thandar
ကိုမူးဒီနဲ့ သရုပ်ဆောင် သီရိရှင်းသန့်တို့ရဲ့ ဒုတိယသားငယ်လေး Carlo Roy ဟာ မွေးဖွားပြီး ၆ ရက်အကြာ အောက်တိုဘာ ၈ ရက်က ဆုံးပါးသွားခဲ့ပါတယ်။
“၆ ရက်သား သားငယ်လေး မနေ့က ဆုံးသွားတာပါ။ ကလေးလေးက အင်မတန်ချစ်စရာကောင်းတဲ့ သားလေးပါ။ သားလေးကိုကြည့်ပြီး ရင်ထဲမှာ အရမ်းဆို့နင့် ကြေကွဲရပါတယ်။ ကိုမူးဒီနဲ့ သီရိတို့ မိသားစုအပေါ် ဘုရားသခင်ထံမှ နှစ်သိမ့်ခြင်းသက်ရောက်ပါစေဆုတောင်းပါတယ်” လို့ တေးရေး တေးဆို စံပီးက ပြောပါတယ်။
သီရိရှင်းသန့်က သူမရဲ့ ဒုတိယမြောက်သားလေးကိုမွေးဖွားပြီးနောက် (၆)ရက်သားအရွယ်မှာတင် ဆုံးရှုံးလိုက်ရတာပါ။ ဒုတိယမြောက်သားသားမမွေးဖွားခင် Ultrasound မှာတင် ရင်ခုန်ပျော်ရွှင်နေခဲ့ကြတဲ့ ဖေဖေနဲ့မေမေမို့ ကလေးငယ်လေးကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်က ပြောမပြနိုင်လောက်အောင် ကြီးမားခဲ့တာလည်း ဖြစ်ခဲ့တာပါ။
သီရိရှင်းသန့်ကို ချစ်သူကိုမူးဒီက မွေးနေ့ဖြစ်တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၃ ရက်က လက်ထပ်ခွင့်တောင်းခံလက်ထပ်ခဲ့ကြတာလည်းဖြစ်ပြီး ပထမသားဦးလည်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။