October 9, 2024

MT News
၉.၁၀.၂၀၂၄

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် သီတင်းကျွတ် ဈေးရောင်းပွဲတော်ကို အောက်တိုဘာ (၁၆)ရက်မှ စတင်ပြီး (၂၀)ရက်အထိ (၅)ရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“တူရွှင်နွှဲပျော် သီတင်းကျွတ်စျေးရောင်းပွဲတော်”ကာလအတွင်း လာရောက် လည်ပတ်ကြသူများအတွက် ကျောင်းသုံးနှင့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို ရောင်းချပေးမည့် ဆိုင်ခန်းများစွာပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ပွဲတော်ရက်များတွင် Glamorizze ၏ mobile market volume II နှင့် Glory Talents & Models Agency ၏ အဆိုရှင်ပေါင်းများစွာ ပါဝင်အားဖြည့် ဖျော်ဖြေမှုများ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

စျေးပွဲတော်အတွင်း Promotion Booth, Food Stall ဆိုင်ခန်းများနှင့်ပတ်သတ်၍ အသေးစိတ် သိရှိလိုပါက ဖုန်း – 09406669990, 09798515854 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်ဟုလည်း ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *